ဆောင်းရာသီမှာသတိထားရမယ့် ရင်ကျပ်ရောဂါ – BBC News မြန်မာ

ဆောင်းရာသီကာလ ရာသီအပြောင်းအလဲဟာ ချောင်းဆိုး ရင်ကျပ်တတ်သူတွေ အထူးသဖြင့် ပန်းနာရင်ကျပ် အခံရှိသူတွေအတွက် ဂရုစိုက် သတိထားသင့်တဲ့ ကာလဖြစ်ပါတယ်။ တချိန်လုံး ချောင်းတဟွတ်ဟွတ်ဆိုးနေခဲ့ရင် ရိုးရိုး ချောင်းဆိုးရင်ကျပ်တာလား၊ ပန်းနာရင်ကျပ်တာလား ဆိုတာကို ဘယ်လို ခွဲသိနိုင်မလဲ။ ပန်းနာရင်ကျပ်ရာကနေ ရုတ်တရက် အသက်ရှူကျပ် အမောဖောက်လာရင် ဘာလုပ်သင့်သလဲ။ inhaler လို့ခေါ်တဲ့ အသက်ရှူဗူးကို နည်းမှန်လမ်းမှန် ဘယ်လိုသုံးမလဲ ဆိုတာတွေကို ယူကေနိုင်ငံက အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာ ထူးအောင်ကျော်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ အပိုင်းနှစ်ပိုင်း ခွဲပြီး ရှင်းပြထားပါတယ်။