ရခိုင်ဒေသအချို့တွင် ဆေးဝါးဝယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေ၊ကျောက်ဖြူ၊အမ်းမြို့တွေမှာ ဆေးဝါးဝယ်ယူခွင့်ကိုစစ်ကောင်စီက ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လူတဦးကို သုံးရက်စာထက်ပိုမရောင်းချဖို့ ဆေးဆိုင်တွေကို နှုတ်နဲ့လိုက်လံခြိမ်းခြောက်ထားတာဖြစ်တယ်လို့ အမ်းမြို့ဒေသခံတဦးကမဇ္စျိမကိုပြောပါတယ်။

အဲ့ဒီလိုဆေးဝါးပစ္စည်းတွေကိုရောင်းချမှုကန့်သတ်ထားတဲ့အပြင် အရေးပေါ်ဆေးဝါးပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး၊အရက်ပြန်၊ဆေးသွင်းတဲ့ drip ပုလင်းတွေလည်းသယ်ယူခွင့်၊ရောင်းချခွင့်တွေကိုပိတ်ပင်ထားတယ်လို့သိရပါတယ်။

သတင်း-ဓါတု
တင်ဆက်၊တည်းဖြတ်-ဓါတု