ဖေဖော်ဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

01:08-မောင်တောမှာရှိတဲ့ ပဲရမ်းတောင် စစ်စခန်းကို သိမ်းပိုက်ခဲ့ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့တွေမှာ စစ်ကောင်စီက ခုခံစစ်နှင့် ခွာစစ်တွေ အသုံးပြုနေတယ်လို့ AA ထုတ်ပြန်တဲ့သတင်း

02:57-ဆီဆိုင်မြို့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ဘေးရှောင်၆ ဦး ထပ်မံသေဆုံးတဲ့သတင်း

05:09-စစ်ကောင်စီကို ဦးဆောင်သူတွေနှင့်စစ်အာဏာရှင်မရှိမှ ပြည်သူတွေ စိတ်သက်သာရာရမယ်လို့ ညီနောင်သုံးဖွဲ့ ထုတ်ပြန်တဲ့သတင်း

06:57-ပြည်တွင်းရေးကို စွက်ဖက်ရာမရောက်စေတဲ့ နည်းလမ်းနဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံကို တရုတ် တိုက်တွန်းလိုက်တဲ့သတင်းနဲ့

12:29-ပါလက်စတိုင်းတို့က အစ္စရေးကို လူမျိုးရေးခွဲခြားဖိနှိပ်မှုနဲ့ ကုလတရားရုံးမှာ စွပ်စွဲထားတဲ့သတင်းတွေအပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။