နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၀ ဖေဖော်ဝါရီ ၂၀၂၄) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • နယ်ချဲ့ကိုလိုနီစနစ် နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီစနစ် နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (ဖက်ဒရယ်) ကို မြတ်နိုးသော ချင်းလူမျိုးများ၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း နှင့် ကမ္ဘာတည်သရွေ့ ချင်းအမျိုး သားများ အဓွန့်ရှည်ကာ ချင်းအမျိုးသားနေ့ကို ဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းသည်ဟု သဝဏ်လွှာပေးပို့ကြောင်း ယနေ့ ကျရောက်သည့် (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီ သမ္မတကြီး ဒူဝါလရှီးလက သဝဏ်လွှာ ပေးပို့လိုက်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိနေပြီး တအာင်းအမျိုးသားတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တာဝန်ရှိသူများနှင့် တွေ့ဆုံနေသည့် ရုပ်သံဖိုင် ယမန် နေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ ည‌နေပိုင်းတွင် ထွက်ပေါ်လာသည်။ 
  • ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့အချိန်အခါသမယတွင် ချင်းတိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသား ပြည်သူများအားလုံး ဘေးကင်းလုံခြုံ ကြပါစေကြောင်း နှင့် ကြုံတွေ့နေရသော အခက်အခဲ စိန်ခေါ်မှုများ အားလုံးက အမြန်ဆုံး လွတ်မြောက်ကြပါစေကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာထဲတွင် ဖော်ပြ ထားသည်။ 
  • အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေကို အသုံးချပြီး ပြည်သူများအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများကိုသတင်းပေးပို့တိုင်ကြားနိုင်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ ၊ လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာနက ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 
  • ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင်ရှိ ပဲခူးရိုးမတွင် တစ်ရက်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၄၀ ဦး သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် တစ်ဦး အသက် ပေးလှူခဲ့ရကြောင်း တိုင်းစစ်ဌာနချုပ် (ပဲခူးတိုင်း) က ယမန်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည်။ 
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန နှင့် ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း တို့တွင် ရှိငည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှု အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်၊မနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာများကို ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဗစ်ဆင်းက သတိပေး ပြောဆိုလိုက်သည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ် ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒ ပြခဲ့ကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်သား ၂ ဦးကို ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်ပိုင်းက အနီးကပ် ပစ်ခတ်တိုက်ခိုက်ပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သလ္လာဝတီ ကာကွယ် ရေးတပ်ဖွဲ့ -TLWDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကို ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၉ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ 
  • မကွေးတိုင်း၊ ယောမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူများ အသုံးပြုသည့်လမ်းတွင် အကြမ်းဖက် စစ် ကောင်စီ လက်ပါးစေ ပျူစောထီးများ ထောင်ထားသည့် နင်းမိုင်းအချို့တွေ့ရှိခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၁၈ ရက်က ရှင်းလင်းရေးများ လုပ်ဆောင်ခဲ့သည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 
  • ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၆ နာရီခန့်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပုဝါနီ စစ်ကြောင်းထံမှ သိရသည်။ 
  • တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) က လောင်းလုံမြို့နယ်၏ ဆေးဘက်ဆိုင်ရာ ထပ်ဆင့် သင်တန်း မွမ်းမံပေးခြင်းအဖြစ် သင်တန်းဆင်းပွဲကို ယမန်နေ့က ပြုလုပ် ခဲ့သည်။ 
  • မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခံသင်းတံတားရှိ အကြမ်းဖက်စစ်တပ် ၏ ဂိတ်ကို ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်ပိုင်းက ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရှမ်းပြည်နယ်တွင် နေထိုင်သော အသက် ၁၈ နှစ် မှ ၄၅ နှစ်ရှိ တိုင်းရင်းသားမျိုးနွယ်စု အားလုံး စစ်မှုထမ်း ရမည်ဟု RCSS/SSA က  ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။ 
  • မြန်မာစစ်တပ် ဦးဆောင်သော အာဏာသိမ်းစစ်ကောင်စီသည် အာဆီယံ နိုင်ငံများအတွင်း ” အယုတ်မာ ဆုံး ဖက်ဆစ်စစ်တပ်ဘွဲ့ ” ကို ၂၀၂၃ ခုနှစ်ကတည်းက ပြိုင်ဘက်ကင်းစွာ ရရှိထားကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ်တပ်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။ 
  • စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ဆန့်ကျင်ကြမည့် လူငယ်များနှင့် ပြည်သူများကို KNU က အလုံးစုံ ကူညီမည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး၏ ပြောဆိုချက်ကို ကိုး ကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • ဆီဆိုင်မြို့သို့ ပစ္စည်းများသယ်ရန် ပြန်လာသည့် ပြည်သူလူထု ကားတန်းကို စစ်ကောင်စီက လက်နက် ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ခုနစ်ဦးသေဆုံးခဲ့ရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ယနေ့ ထုတ်ပြန်သည်။  
  • မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာမှ ရှေ့တန်းရောက်နေသည့် မွန်ပြည်တော်လှန်ရေးတပ် – MSRF မှ ရဲဘော်များ၊ MSRF ၏ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များကို ဖေဖော်ဝါရီ ၁၈ ရက်တွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ 
  • ရခိုင်ပြည်နယ်၊ မောင်တော၊ ပဲရွန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း AA က ယမန်နေ့ ညပိုင်းက သတင်းထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိနေရာမောင်တောမြို့နယ် ပဲရမ်းတောင် စစ်စခန်းကို သိမ်းပိုက်ခဲ့ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့ များတွင် စစ်ကောင်စီက ခုခံစစ် နှင့် ခွာစစ်များ အသုံးပြုနေသည်ဟု ရခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ 
  • ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီး ဗျူဟာ စခန်းကို KIA ဦးဆောင်သော တော်လှန် ရေးတပ်များက တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၀ ခန့် တွေ့ရှိရကြောင်း KIA သတင်းရင်းမြစ် နှင့် People Defense Force – ShweGu မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • အကြမ်းဖက်စစ်ကောင်စီက နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည့် (NSCN- AM) နာဂအမျိုးသား ဆိုရှယ် လစ်ကောင်စီ-အန်းမိုင်း အဖွဲ့ကို ပြည်သူ့စစ် အသွင်ပြောင်းရန် လုပ်ဆောင်နေမှုအပေါ် လက်မခံကြောင်း နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF-Battlion) က ပြောကြားလိုက်သည်။ 

စစ်ကောင်စီ 

  • လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး တိုင်းရင်းသားအားလုံး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက် သည့် ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သော သဝဏ် လွှာတွင် ထည့်သွင်းပြောသည်။ 
  • အိမ်နီးချင်း တရုတ်နိုင်ငံ နှင့် နှစ်နိုင်ငံ အစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးကို မြှင့်တင်နိုင်ရန် သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး အရှိန်အဟုန် နှင့် အကောင်အထည်ဖော် ဆောင် ရွက် နေသည်ဟု စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန် ကြီး ဦးခင်မောင်ရီက ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဗဟိုအစိုးရ များ အ ကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ပြော သည်။ 
  • ကောလာဟလသတင်းများ ထုတ်ပြန်၍ ငွေကြေးအဆမတန် တောင်းခံသူများ၊ ကြားခံပွဲစားများအား ဖော် ထုတ်အရေးယူသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ အသိပေး ထုတ်ပြန်ထားသည်။ 
  • တစ်နိုင်ငံလုံး တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများပြားနေပြီး ရန်ကုန်နိုင်ငံကူး လက်မှတ်ထုတ် ပေးရေးရုံးတွင် လာမည့် ဩဂုတ်လအထိ ကြိုတင် Online Booking လုပ်ထားသူများနှင့် ပြည့်သွားပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ထုတ်ပြန်ချက်အရ သိရသည်။ 
  • အွန်လိုင်းမှတစ်ဆင့် ဗီဇာရက်ချိန်းရယူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ကြေညာ ထားသည်။ 
  • ကင်ဆာဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည်စက် အသစ် ၃ လုံးကို ယခုနှစ် တပ်ဆင်ပးရန် ပြင်ဆင် နေကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ 
  • ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့် စနစ်အပိုင်း၂ တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ ပြန်လည် ဖြည့်သွင်းခြင်းအတွက် စမ်းသပ်ကာလကျော်လွန်ပါက Online စနစ်ဖြင့် လက်ခံသွားမည် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။ 
  • ပို့ကုန်ရငွေအသုံးပြုခွင့်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြု နေသည်ဟု စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 
  • ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ သင်္ကြန်ကာလအမှီ ရေဂါလန် နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန် တည် ဆောက်မည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

ဖေဖော်ဝါရီ ၂၀ သုံးသပ်ချက် 

  • စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ရှမ်းလက်နက်ကိုင် RCSS အဖွဲ့ကလည်း ရှမ်းပြည်တွင်ရှိသည့် တိုင်းရင်းသား မျိုးနွယ်စုများ စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ကြေညာသည်ကို ကြည့်ပါက စစ်ကောင်စီ နည်းတူ ပြည်သူကို ဖိနှိပ်ရန် ဆောင်ရွက်လာခြင်းဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။