စစ်ကိုင်းခရိုင်ထဲက လမ်းတွေပေါ် ငွေကောက်နေတဲ့အဖွဲ့တွေ ရုတ်သိမ်းဖို့ ပအဖကြေညာ (ရုပ်သံသတင်း)

MTO

မဇ္စျိမ။ ။စစ်ကိုင်းခရိုင်ထဲက ခရိုင်ချင်းဆက်လမ်းပိုင်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ တရားမဝင်ငွေကြေးကောက်ခံတာ၊ အလှူခံတာတွေကို ပြုလုပ်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ လာမယ့် မတ်လ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ဂိတ်တွေဖြုတ်သိမ်းဖို့ စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်‌ ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့မူဝါဒအရ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ လမ်းမများပေါ် မှာ ငွေကြေးကောက်ခံခွင့်ပြုမထားဘဲ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုသာ အခွန်ကောက်ယူခွင့်ပေး ထားတယ်လို့ စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

သတင်း – MTO
တင်ဆက်၊တည်းဖြတ် -MTO