ဝန်ကြီးချုပ် ခရီးစဉ်ကို တရုတ်၏ ကန့်ကွက်မှုအား အိန္ဒိယပယ်ချ

Prime Minister Narendra Modi (AFP)

Prime Minister Narendra Modi (AFP)

India Blooms

အာရန်နာချယ် ပရာဒက်ရှ် အရှေ့မြောက်ပိုင်း ပြည်နယ်သို့ သွားရောက်သည့် ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ၏ ခရီးစဉ်အား တရုတ်၏ ကန့်ကွက်မှုကို အိန္ဒိယက လုံးလုံးလျားလျား ပယ်ချကြောင်း မီဒီယာသတင်းများက ဆိုသည်။

အိန္ဒိယသည် အဆိုပါ ပြည်နယ်အား နိုင်ငံ၏ ‘တသားတည်း ထာဝရ အစိတ်အပိုင်းအဖြစ် “အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်” အတွက် ကိုင်စွဲထားသည်။

“ဝန်ကြီးချုပ်ရဲ့ အာရန်နာချယ် ပရာဒက်ရှ် ခရီးစဉ်နဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ပြောဆိုချက်တွေကို ကျွန်တော်တို့ ပယ်ချပါတယ်၊ အိန္ဒိယခေါင်းဆောင်တွေအနေနဲ့ အိန္ဒိယရဲ့ အခြား ပြည်နယ်တွေလိုပဲ ဒီပြည်နယ်ဆီ ကြိုက်တဲ့အချိန် သွားလာမှာ ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုသည်။

“ဒီလို ခရီးစဉ်မျိုးနဲ့ အိန္ဒိယရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကန့်သတ်ဖို့ရာ အကြောင်းမရှိဘူး၊ ပြီးတော့ အာရန်နာချယ် ပရာဒက်ရှ် ပြည်နယ်ဟာ အိန္ဒိယရဲ့ တသားတည်း ထာဝရအစိတ်အပိုင်းအဖြစ် အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ရှိသွားမယ့် အရှိတရားကို ပြောင်းလဲစေမှာ မဟုတ်ဘူး” ၎င်းက ပြောခဲ့သည်။

အာရန်နာချယ် ပရာဒက်ရှ် ပြည်နယ်ဆီ မိုဒီ၏ ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်မှုနှင့် ပတ်သက်ပြီး အိန္ဒိယကို ကန့်ကွက်ကြောင်း တရုတ်က တနင်္လာနေ့၌ ဆိုထားသည်။ အဆိုပါ ပြည်နယ်ကို အိမ်နီးချင်း ရန်လိုသည့် တရုတ်ကလည်း ပိုင်ဆိုင်ကြောင်း အတည်ပြုထားသည်။

အိန္ဒိယနှင့် တရုတ်တို့ကြားတွင် ပိုင်နက်နယ်စပ်မျဉ်းနှင့် ပတ်သက်ကာ ရေရှည် အငြင်းပွားမှု ရှိနေပြီး အထူးသဖြင့် အာရန်နာချယ် ပရာဒက်ရှ်နှင့် ဂျမ်မူးနှင့် ကက်ရှ်မီးယားအောက်က လာဒက်နယ်မြေ အစိတ်အပိုင်းများ ဖြစ်သည်။

၁၉၆၂ နှစ်တွင် တရုတ်နှင့် အိန္ဒိယတို့သည် အက်ဆိုင်း ချင်း(လာဒက်ရှ်ဒေသ) နှင့် အာရန်နာချယ် ပရာဒက်ရှ်နင့် ပတ်သက်ပြီး စစ်ဖြစ်ခဲ့ကြသည်။ သို့ရာတွင် လက်ရှိ ထိန်းချုပ်မျဉ်းအား လေးစားရန် နှစ်နိုင်ငံက ၁၉၉၃ နှင့် ၁၉၉၆ တို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်ရှိ ထိန်းချုပ်မျဉ်းသည် ၄,၀၅၇ ကီလိုမီတာ ရှည်လျားပြီး အိန္ဒိယနှင့် တရုတ်နိုင်ငံကြား လက်တွေ့ကျသည့် နယ်စပ်ပဲ ဖြစ်သည်။