ကလေးမြောက်ပိုင်းတိုက်ပွဲအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး

ပုံအညွှန်း - တိုက်ပွဲအတွင်း သိမ်းဆည်းရသောလက်နက်ခဲယမ်းများ / ဓါတ်ပုံ - အမှတ်(၁) စစ်ဒေသ

ပုံအညွှန်း – တိုက်ပွဲအတွင်း သိမ်းဆည်းရသောလက်နက်ခဲယမ်းများ / ဓါတ်ပုံ – အမှတ်(၁) စစ်ဒေသ

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး လက်နက်ငယ် ၁၉ လက် သိမ်းဆည်းရခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက မတ်လ ၁၇ ရက် ယနေ့ ထုတ်ပြန် ထားသည်။

ကလေးမြို့နယ်မြောက်ပိုင်းတွင် မတ်လ ၁၆ ရက် ယမန်နေ့က ပျူစောထီးကျေးရွာများဖြစ်သော အောင် မြင်သာရွာနှင့် ကျောင်းတိုက်ရွာကို ကာကွယ်ရေးတပ်ပေါင်းစုကတိုက်ခိုက်ခဲ့ပြီး နန်းစောင်းပုရွာသစ်နှင့် ကံသာရွာတို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

“ကျောင်းတိုက်က ၁၇ လက်နဲ့ နန်းစောင်းပုက နှစ်လက်ရတာပါ။ ဒီကောင်တွေ အဲဒီနေရာတွေကို လွယ် လွယ်နဲ့ လက်မလျှော့လောက်ဘူး၊ ပြန်ရချင်နေကြတာ၊ ပွဲကမပြီးလောက်သေးဘူး” ဟု ကလေးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

အောင်မြင်သာရွာတွင် ဗိုလ်ကြီးကျော်လင်းမောင်ဦးစီးသော စစ်ကောင်စီတပ်သား ၂၂ ဦးနှင့် ပျူစောထီး ၄၀ ဦး အခြေချတပ်စွဲထားပြီး ကျောင်းတိုက်ရွာတွင် ဗိုလ်ဖြိုးသန့်ဦးစီးသည့် စစ်ကောင်စီတပ်သာ ၂၇ ဦးနှင့် ပျူစောထီး ၅၉ ဦးတို့ တပ်စွဲထားကြောင်း သိရသည်။

ကျောင်းတိုက်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကာ ရွာကို ကာကွယ်ရေးတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က တပ်ဆုတ်ခွာသွားခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကျောင်းတိုက်ရွာကို ကလေးမြို့မှ တက်လာသည့် MI 35 ရဟတ်ယာဥ်ဖြင့် နှစ်ကြိမ် တိုက်ခိုက်မှုပြုလုပ်ခဲ့ ပြီး တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ထံမှ MA -15 (ငါးကြင်းမြီး) နှင့် MA -10 (RPG-7) အပါအဝင် လက်နက်ငယ် ၁၇ လက် ကျည်မျိုးစုံ ၁,၃၀၀ နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။

အဆိုပါတိုက်ပွဲကို အထူးလှုပ်ရှားတပ်ရင်း (၂ ၊ ၆) ၊ ကလေးခရိုင်လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပကဖ၊ CDF – KKG ၊ RKDF ၊ RCDF ၊ EFDF ၊ HNB နှင့် ဒေါင်းသွေးရာဇာအဖွဲ့များ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တဖန် တပ်မ ၂၂ လက်အောက်ခံ စစ်ကောင်စီတပ်သာားများနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့် သည် နန်းစောင်းပုရွာသစ်နှင့် ကံသာယာရွာသို့စစ်ကြောင်းထိုးလာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး၏ အလောင်းများရရှိခဲ့ပြီး လက် နက်ငယ် နှစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့ ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သော ယင်းတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထူး လှုပ်ရှားတပ်ရင်း (၂ ၊ ၅) ၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့ ၊ ကလေးခရိုင်တပ်ရင်း (၂ ၊ ၄ ၊ ၅) ၊ ကလေးမြို့နယ် ပကဖ ၊ RKDF ၊ HNB ၊ EFDF၊ S2UG၊ GRF၊ TCDF နှင့် ဒေါင်းသွေးရာဇာအဖွဲ့တို့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားသော အနီးဝန်းကျင်နေရာများကိုလည်း လက် နက်ကြီးများ၊ မီးလောင်ဗုံးအပါအဝင် ဗုံးအလုံး ၂၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် အချို့မီးလောင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း အမှတ်(၁)စစ်ဒေသ၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စာတည်း။ ။စောဖေ