နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၇ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ သိမ်းတိုက်ပွဲကို PDF တပ်ပေါင်းစုများက မတ်လ (၂) ရက် မှ မတ်လ (၁၂) ရက်ထိ ဆင်နွှဲခဲ့ပြီးနောက် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ ဘက်ကနေ စစ်ကူ အင်အား အများအပြား နှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် မတ်လ (၁၂) ရက်နေ့၌ ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း NUG MOD အမှတ် ၁ စစ်ဒေသ ကနေ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီစစ်ဆင်ရေးအတွင်း ရန်သူတပ်သား ၄၇ ဦးကို သုတ်သင် နိုင်ခဲ့ပြီး ရန်သူ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာန က ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

တော်လှန်အနုပညာရှင်တွေ ဖန်တီးရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ရှင်လမ်းတို ၄ကားကို ဘော်စတွန်မြို့တွင် “World Premiere Show” အဖြစ် စတင်ပြသနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်းထား သည့် ကျေးရွာပေါင်းစုံသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် မတ်လ ၁၇ ရက် ယနေ့ ချီတက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ပိုင်း ၊ ပျဥ်းခုံလေးတွင် စစ်ကောင်စီ တပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် မိန်းကလေးငယ်တဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ ပျုစောထီးရွာဖြစ်သော ကျောင်းတိုက်ရွာမှ စစ်ကောင်စီတပ် စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်စဉ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ဒေသခံများ ထိခိုက်သေဆုံးမှုများ ပြားကြောင်း ကနဦးသတင်းရရှိသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စျေးတစ်ခုတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့် ဒေသခံသပိတ်အင်အားစုများ ပူးပေါင်းပြီး စစ်ကောင်စီအား လေယာဥ်ဆီရောင်းချပေးခြင်းကို ချက်ချင်းရပ်တန့်ပေးရေး ယနေ့ (မတ်လ ၁၇) နံနက်၌ ချီတက်ဆန္ဒပြခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ သက္ကယ်ကျင်းကျေးရွာမှ နေအိမ် ၄၅၀ခန့် မီးရှို့ဖျက်ဆီးခံရပြီး အခြေခံစားသောက်ကုန်များ လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်းခုံလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အစုအဖွဲ့ပေါင်းစုံ ပါဝင်သည့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် လမ်းကြောင်းဆီ ပြန်လည် ဦးတည်နိုင်ရေးအတွက် အိန္ဒိယက တိုက်တွန်း တောင်းဆိုလိုက်ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုး သတ်ဖြတ်နေသော စစ်ကောင်စီတပ်နှင့် ၁နာရီခွဲခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်သား တစ်ဦး လက်နက်နှင့်တကွ အလင်းဝင် ရောက် ခဲ့ရာ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့ကြောင်း Pakokku People Defense Force (PPDF) တပ်ဖွဲ့မှ သိရသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် Free Burma Action Committee-Northern California ၏ “လူထုဘဝတိုးတက်ရေး လူ့အခွင့်အရေးမြှင့် တင်ပေး” ခေါင်းစဉ်ဖြင့် ၁၂၇ ကြိမ်မြောက် အလံမလိပ် အသံမတိတ် မြေပြင်သပိတ်ကို ပြုလုပ်ခဲ့ကြသည်။

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ (ဒမ်စကွဲယား) ရင်ပြင်တွင် အကြမ်းဖက် စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (၇)ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး (7 NCA-S EAO Summit) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး မတ်လ (၁၉) ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမည် ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့ ကထိန်းချုပ်ထားသော နယ်မြေများတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး စနစ် ထူထောင်သွားမည်ဖြစ်ကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြား သည်။

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြိုနယ် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာကို အကြမ်း ဖက် စစ်တပ်ကက ဂျက်ဖိုက်တာနှင့်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း PNLAက အသိပေးထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီ စစ်ဗျူဟာစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်များ သိမ်းဆည်းနိုင်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဌာနချုပ်က သတင်းထုတ်ပြန်သည်။

တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသရှိ နမ္မတူမြို့ ပြည်သူ့ဆေးရုံတွင် CDM ဆရာဝန်များ အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် စတင်လည်ပတ်နေပြီဖြစ်ကြောင်း TNLA ကျန်းမာ ရေးဌာနမှ တာ၀န်ရှိသူတဦးက ‌ပြောသည်။

“၁ လေးလုံး စစ်ဆင်ရေး”ဆက်စပ် တိုက်ပွဲများသည် နောင်ဝိုး၊ ဗန်းမောက်နှင့် နမ်းဖောမူ ​​ကျေးရွာများ တလျှောက် အပြင်းအထန် ဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေး တပ် KNDF တပ်ရင်း ၃ နှင့် ​ဒေသခံစစ်​ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ ဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်တပ်အကြား ၂၀၁၁ တကျော့ပြန်တိုက်ပွဲကာလမှ စတင်ပိတ်ထားရသည့် လိုင်ဇာမြို့အဝင် လမ်းကို KIAက ရှင်းလင်းလိုက်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူသေဆုံးထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပြသခဲ့သည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ စစ်ကောင်စီအတွက် အရပ်ဝတ်နှင့် ထောက်လှမ်းရေး လုပ်နေသူ ၂ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း CDF-Hakha က မတ်လ ၁၆ ရက်နေ့၌ ထုတ်ပြန်သည်။

CDF-ZOTUNG မှ ဦးစီးကျင်းပသည့် Special Force Training ပြီးစီးမှုနှင့် ရဲဘော်သစ်များ ဆုပေးခြင်း ၊ ဆုတောင်‌ပေးခြင်းအခမ်းအနားကို ဇိုတုန်‌ဒေသ တစ်နေရာတွင် အောင်မြင်စွာကျင်းပခဲ့ ကြောင်းသိရသည်။

စစ်ကောင်စီ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူအများမြင်ကွင်းက ပျောက်နေ သည် မှာ ရက်ပေါင်းများစွာကြာမြင့်လာပြီဖြစ်ပြီး နောက်ဆုံးမြင်တွေ့ခဲ့ရသည်ကတော့ ယခုလ ပထမပတ်တွင် နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးဖြစ်သည်။

‘မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့’အကြိုလှုပ်ရှားမှုအဖြစ်လူနာ(၂၅၀)ကိုတိုင်းရင်းဆေး သမားတော်ကြီးများမှတိုင်းရင်း‌ဆေးပညာဖြင့်ကုသပေးခဲ့ကြောင်းစစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနမှသိရသည်။

လာမယ့် မတ်လ ၁၉ရက်နေ့ကစပြီး လားရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ကာ လေကြောင်း လိုင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး တို့ ၏ လုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းဖော်ပြထားသည်။

မတ် ၁၇ သုံးသပ်ချက်

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်ရေးအရှိန်မြှင့်တက်နေပြီး စစ်ကောင်စီတပ်များသည် စစ်မျက်နှာ အသီးသီးတွင် ရှုံးနိမ့်ကာ တပ်ပျက်နေသည်။ယင်းကြောင်း အညာဒေသကဲ့သို့ လက်နက်ချို့တဲ့သည် နေရာများ မှာပင် မြို့ပေါ်များတိုက်ခိုက်သိမ်းပိုက်လာနိုင်သလို ရန်ကုန်မြို့ကြီးများတွင်လည်း ပျောက်ကြားလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာနိုင်သည်ကို တွေ့ရသည်။