ကမ္ဘာပေါ်မှ လူသားများ နှစ်သန်းပေါင်း ၂၅၀ အတွင်း မျိုးတုံးပျောက်ကွယ်သွားနိုင်

အပူရှိန် လွန်ကဲခြင်းကြောင့် အနာဂတ်တွင် လူနှင့်နို့တိုက်သတ္တဝါများ ပျောက်ကွယ်သွားနိုင်သည်။

Daily Mail

ယခုအချိန်တွင် ရုပ်ကြွင်းလောင်စာသုံးစွဲခြင်းကို ရပ်တန့်လိုက်လျှင်ပင် ကမ္ဘာပေါ်မှ လူသားများသည် နှစ်သန်းပေါင်း ၂၅၀ အတွင်း မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း လေ့လာမှုအသစ်တခုက ဖော်ပြလိုက် သည်။

ကမ္ဘာဂြိုဟ်မှ နို့တိုက်သတ္တဝါအားလုံး ပျောက်ကွယ်သွားနိုင်ကြောင်း ကွန်ပျူတာတွက်ချက်မှုများက ဖော်ပြနေသည်ဟု ဘရစ်စတိုတက္ကသိုလ်မှ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

ကမ္ဘာပေါ်မှ သက်ရှိများသည် အပူချိန် ၄၀°C မှ ၇၀°C အကြားနေထိုင်နိုင်ရန် ကြိုးစားရမည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။ 

သို့သော် ၎င်းတို့၏ တွက်ချက်မှုများတွင် ရုပ်ကြွင်းလောင်စာများနှင့် အခြားလူကြောင့်ဖြစ်စေသော အရင်း အမြစ်များကို လောင်ကျွမ်းစေခြင်းဖြင့် ထုတ်လွှတ်သော ဖန်လုံအိမ်ဓာတ်ငွေ့ကို ထည့်သွင်း မတွက်ချက် ထားပေ။ ထို့ကြောင့် လူသားများပျောက်ကွယ်မည့် နေ့ရက်သည် ပို၍ စောဖွယ်ရှိနေသည်။ 

ကြီးမားသော အာကာသကျောက်တုံးကြီးကြောင့် ကပ်ဆိုးကြီးကျရောက်ခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်း ၆၆ သန်းခန့်က ဒိုင်နိုဆောများမျိုးတုံးပြီးနောက် ကမ္ဘာကြီးတွင် ပထမဆုံးအစုလိုက်အပြုံလိုက် မျိုးတုံးခြင်း ဖြစ်နိုင်သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်သည့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို ထည့်မတွက်လျှင်ပင် အပူရှိန် လွန်ကဲခြင်းကြောင့် အနာဂတ်တွင် လူနှင့်နို့တိုက်သတ္တဝါများ ပျောက်ကွယ်သွားနိုင်သည်။

လေ့လာမှုအသစ်ကို ဘရစ်စတိုတက္ကသိုလ်၏ ပထဝီသိပ္ပံကျောင်းမှ အကြီးတန်း တွဲဖက်သုတေသီ ဒေါက်တာ အလက်ဇန်းဒါး ဖန်ဝေါ့က ဦးဆောင်ခဲ့သည်။ 

 “ဝေးကွာလှတဲ့ အနာဂတ်ရဲ့ အလားအလာက အလွန်မှောင်မိုက်နေပုံပါပဲ။” ဟု ဒေါက်တာ ဖန်ဝေါ့က ပြောကြားခဲ့ သည်။

 “ကာဗွန်ဒိုင်အောက်ဆိုဒ်က လက်ရှိထက် နှစ်ဆပိုများလာနိုင်ပါတယ်”  

အခြားမျိုးစိတ်များကဲ့သို့ပင် လူသားများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို အေးမြအောင် ချွေးမထုတ်နိုင်ခြင်း ကြောင့် မျိုးတုံးသွားမည် ဖြစ်သည်။

‘ နှစ်သန်းပေါင်း ၂၅၀ အတွင်း ကမ္ဘာမြေကြီးအားလုံးသည် Pangea Ultima ဟုလူသိများသော စူပါတိုက် ကြီးတခု ဖြစ်လာမ့ည်ဖြစ်ကြောင်း သုတေသီများက ပြောကြားထားသည်။ 

နောင်နှစ်ပေါင်း သန်းပေါင်းများစွာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ယနေ့တွင် တည်ရှိနေသည့် ၄၀၀ ppmမှ 600 ppm ကျော်အထိ အထိတိုးလာနိုင်ကြောင်း ၎င်းတို့က ခန့်မှန်းထားသည်။

‘ဟုတ်ပါတယ်၊ လူတွေက ရုပ်ကြွင်းလောင်စာတွေကို အသုံးပြုတာကို ရပ်တော့မယ်လို့ ယူဆထား ပါတယ်၊ မဟုတ်ရင် ပိုစောစော မျိုးတုံးသွားပါလိမ့်မယ်’ ဟု လိဂ်တက္ကသိုလ်မှ တွဲဖက်စာရေးဆရာ ပါမောက္ခ ဘင်ဂျမင် မေးလ်က ပြောကြားခဲ့သည်။ 
တွေ့ရှိချက်များအရ ကုန်းမြေ၏ ၈ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းခန့်တွင်သာ နို့တိုက်သတ္တဝါများ ဆက် လက်နေထိုင်နိုင်ဖွယ်ရှိပြီး နို့တိုက်သတ္တဝါမျိုးစိတ်များအားလုံး ပျောက်ကွယ်သွားဖွယ်ရှိနေသည်။