နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  •  လူမဆန်စွာ ရက်စက်မှုများနှင့်အတူ လုယက်လူသတ်နေသည့် စစ်ကောင်စီကို လူရာသွင်းရန် ကြိုးစားနေသူများသည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို အားပေးနေသူများဟု သတ်မှတ်ရမည်ဖြစ်ပြီး လူသတ်သမားများ၏ သွေးအလိမ်းလိမ်းပေကြံညစ်ပတ်နေသော လက်များ နှင့် လက်ဆွဲနှုတ်ဆက်ရန် အဘိဓာန်တွင် မရှိကြောင်း ချက်နိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့် က ၎င်း၏ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှုအစည်းအဝေး ကို ဧပြီ ၁ ရက် မနက် ၁၀ နာရီ၌ ပြုလုပ်ခဲ့ကြသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီ၌ ပြုလုပ်ခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်း ရေပိုးစားကန်အနီးတွင် ကားများကို တား ဆီးစစ်ဆေး၍ ငွေတောင်းခံနေသော စစ်ကောင်စီတပ်ကို မဟာမိတ်များနှင့်ပူးပေါင်း၍ အနီးကပ် တိုက် ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင်အမှတ် (၁၁) PDF – South Monywa က ဧပြီလ ၂ ရက် ယနေ့ထုတ်ပြန်သည်။
  • မြန်မာနိုင်ငံမြောက်ပိုင်း ဧရိယာတစ်ခုလုံး၏ တော်လှန်ရေးတပ်ဦးဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၏ လက်ရှိ ခုခံတော်လှန်စစ်ရေးရလဒ်များသည် များစွာ အားရကျေနပ်ဖွယ်ရာ ထင်ရှားစွာ တွေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • မန္တ​လေးတိုင်း၊ သာစည်မြို့နယ် ဘူးရုံ​ကျေးရွာတွင် စစ်မှုထမ်းမည့်သူများအတွက် ထောက်ပံ့​ကြေး​ကို တအိမ်လျှင် ကျပ် ၂၀၀,၀၀၀ ပေး​ဆောင်ရန် ကျောင်းထိုင်ဘုန်းကြီးမှ ဦး​ဆောင်စီစဥ်​နေ​ကြောင်း ရွာခံများထံသိရသည်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းပျူ​စောထီးရွာစခန်းတိုက်ပွဲ၌ စစ်ကောင်စီလက်​အောက်ခံပျူစောထီးတစ်ဦးနှင့် မူးယစ်ဆေးစွဲနေသူတစ်ဦးတို့ကို သက်သေခံဆေးပြားနှင့်အတူ ဖမ်းဆီးခံရပြီးပျူမှာ အသက်(၁၃)နှစ်သာရှိ​​​သေး​​သော​ကြောင့် PDFများက ပြန်လွှတ်ပေးလိုက်သည်။
  • ရွှေဘိုမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် တပ်ကြပ် တဦး ၊ ရဲတပ်သား တဦးနဲ့ ရဲသတင်း ပေး တဦးတို့ကို ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ရာ သုံးဦး စလုံး သေဆုံးသွားပြီး ၉ မမ ပစ္စတို တလက်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရမိကြောင်း Shwebo Crocodile အဖွဲ့ က သတင်းထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
  • ဆားလင်းကြီးရှိ စစ်ရှောင်ပြည်သူများကို ဆားလင်းကြီးမြို့နယ်- လက်ပံတောင်းတောင်ပင်မ သပိတ်စစ်ကြောင်းက အလှူရှင်ကိုယ်စား ထမင်းနှင့် ဟင်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရေပိုးစာကန်ဘေး၌ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သား များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မုံရွာခရိုင်တွင်းရှိ စစ်ရှောင် မီးဘေးသင့် စခန်းများမှ အမျိုးသမီးများအတွက် အမျိုးသမီး မဟာမိတ်အင်အားစုက အမျိုးသမီးအသုံးဆောင်ပစ္စည်းများထောက်ပံ့ကူညီခဲ့ကြောင်းသိရသည်။
  • ဆားလင်းကြီးမြို့နယ်တွင် ဆားလင်းကြီးမြို့နယ် -လက်ပံတောင်းတောင်ပင်မသပိတ်က စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူ ၅၀ ဦးအတွက် စာအုပ် လေးကြောင်းမျဥ်း၊ တစ်ကြောင်းမျဥ်း ၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲဖျက် များ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၉၆ရက်မြောက်နေ့ အဖြစ် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံမြို့ ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ​​မြေပြင်မှစစ်​ကြောင်းထိုးရန် စီစဥ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
  • ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ မီးလောင်စခန်းကျေးရွာမှ စစ်မှုထမ်းရန် ခေါ်ဆောင်ခံရ သည့် အစ္စလမ်ဘာသာဝင် အမာနွတ်လာသည် စစ်တပ်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွား ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့်လမ်းကြောင်းဖြစ်သော အမ်း-ပဒါန်း လမ်းပိုင်းအား တိုက်ပွဲများကြောင့် အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ရက်စွဲဖြင့် အရေးပေါ် ထုတ်ပြန်လိုက်သည်။
  • KNDF တပ်ရင်း (၂) ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၃) လေ့ကျင့်‌ရေး ကွင်းကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ဥက္ကဋ္ဌ ခွန်ဘီထူး လာရောက်စစ်ဆေးကြည့်ရှု့ခဲ့ကြောင်း Karenni Nationalities Defense Force-B-02 က  ထုတ်ပြန်သည်။
  • ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပူးပေါင်းတပ်ဖွဲ့များကထိန်းချုပ်ထားပြီး ယနေ့ ဧပြီ ၂ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
  • ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့တွင်း၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နှင့် စစ်ကောင်စီတပ်များ ရှိနေသည့်အပြင် မြေမြှုပ်မိုင်းအန္တရာယ်၊ စစ်ကျန်ပစ္စည်း အန္တရာယ်များ ရှိနေ၍ ပြည်သူများ မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်ခြင်းမပြုရန် PNLAက ဧပြီ ၂ ရက်တွင် ထပ်မံ မေတ္တာရပ်ခံသည်။
  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် KNLA နှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသော ခမရ ၃၅၅ တပ်ရင်းကို ပြန်လည်ရရှိရေးအတွက် စစ်ကူလာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNUဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ရရှိထားသော နမ့်ခမ်းမြို့နယ်တွင်အခြေခံအကျဆုံး သော အုပ် ချုပ် ရေးယန္တရားဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဥက္ကဋ္ဌများ ရွေးချယ်ရေး တွေ့ဆုံဆွေးနွေးကြကြောင်း TNLA က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

  • စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ ဧပြီလ ၁ ရက်နေ့က တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ကိစ္စ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးနှင့် ကုန်သွယ်ရေးကိစ္စများဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
  • မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၌ အခြေစိုက်လုပ်ကိုင် နေသည့် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)များတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေ သူများအား တရုတ်နိုင်ငံနှင့်ပူးပေါင်းကာ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
  • စစ်ကောင်စီက အကောင်အထည်ဖော်နေသည့် အဓမ္မစစ်မှုထမ်းအစီအစဉ်အရ နာမည်စာရင်းထွ က်ပြီးသော တနင်္သာရီတိုင်းမှ စစ်မှုထမ်းရမည့်သူများအတွက် စစ်သင်တန်းကို ဧပြီလ ဒုတိယ အပတ်အတွင်း စတင်မည်ဖြစ်ကြောင်း တိုင်းပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။
  • စစ်တပ်၏ ထောင်သွင်းအကျဉ်းချမှုကို ခံထားရသည့် NLD ပါတီဝင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးသည် ဧပြီလ ၁ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ ကြောင်း ပါတီနှင့် နီးစပ်သူများက မဇ္ဈိမကို အတည်ပြုသည်။
  • ဧရာဝတီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်တွင် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများအကြား ဖြစ်ပွားသည့် ပဋိပက္ခကို စစ်ကောင်စီကပစ်ခတ်နှိမ်နင်းရာ အကျဉ်း သား ၁၇ ဦးဒဏ်ရာရရှိခဲ့ပြီး ထောင်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ဧပြီ ၂ သုံးသပ်ချက်

  • တရုတ်နယ်စပ်ရှိ အာဏာသိမ်းမင်းအောင်လှိုင်၏ တပ်စခန်းများ သိမ်းပိုက်ခံရမှုရှိလာချိန်တွင် တရုတ်နိုင်ငံမှ ဖိအားများလာပေး၍ မကြာခင်မှာ နယ်စပ်မြို့ဖြစ်သည့် လွယ်ဂျယ်ကို KIA ကအလွယ် တကူပင် ရရှိသွားသည်။ယင်းကြောင့် စစ်ကောင်စီသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ နယ်စပ်မြို့များနှင့်နယ်စပ်ကုန်သွယ်ရေး စခန်းများ တဖြေးဖြေးလက်လွှတ်လာရပြီး နယ်စပ်ကုန်သွယ်ရေး အကျိုးအမြတ်လျော့နည်းလာဖွယ်ရှိသည်။