နွေရာသီကာလ စစ်ဘေးရှောင်တွေ သောက်သုံးရေ ခက်ခဲလာ

MTO

(မဇ္ဈိမ)။ ။ပူပြင်းလှတဲ့နွေရာသီကာလကို ဝင်ရောက်လာတာနဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ နေရာဒေသတချို့က စစ်ဘေးရှောင်တွေ သောက်သုံးရေရရှိဖို့ ခက်ခဲလာပါတယ်။

အညာဒေသတွေဖြစ်တဲ့ မကွေးတိုင်းထဲက ပေါက်၊ ရေစကြို စတဲ့ဒေသတွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ဘုတလင်၊ ယင်းမာပင်၊ ဒီပဲယင်း စတဲ့ဒေသတွေမှာလည်း စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူတွေ အတွက် သောက်သုံးရေရရှိရေး လိုအပ်ချက်တွေရှိလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အညာဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ ကန်ရေနဲ့ မြစ်ချောင်းရေကို အဓိက အသုံးပြုကြရပြီး မြစ် ချောင်းနဲ့ဝေးတဲ့ဒေသတွေမှာဆိုရင် ကန်ရေကိုသာအဓိကထား သုံးကြရပါတယ်။ နွေရာသီ ရောက်လာတဲ့ အမျှ ကန်တွေခမ်းမြောက်လာပြီး အခုနောက်ပိုင်းမှာ ရေတစည်ကို ၅၀,၀၀၀ ကျပ် ထိ ပေးဝယ်နေကြရပြီး အခုဆိုရင် ရေချိုးရဖို့အတွက်တောင် မလွယ်ကူတော့တဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ S & C အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

သတင်း — MTO
တည်းဖြတ် ၊ တင်ဆက် — MTO