တရုတ်စီးပွားရေးကျဆင်းမှုကြောင့် ကမ္ဘာကို ရှီကျင့်ဖျင် မျက်နှာချိုသွေးနေရ

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဘိုင်ဒန်တို့အား အခမ်းအနားတခုတွင် တွေ့ရစဉ်။

The Telegraph

၁၉၈၉ ခုနှစ်တွင် တီအန်မင်ရင်ပြင်သို့ တင့်ကားများဝင်ရောက်လာမှုကြောင့် ကမ္ဘာကြီးက ဆန့်ကျင် ကန့်ကွက်ပြီးနောက်၊ တိန့်ရှောင်ဖိန်က ကွန်မြူနစ်ပါတီအား အင်အားထုတ်မပြဘဲ အချိန်စောင့်ဆိုင်းရန် ပြောကြားခဲ့သည်။

ယင်းပြောကြားချက်သည် ဆယ်စုနှစ်များစွာ တရုတ်နိုင်ငံခြားရေးမူဝါဒ၏ အခြေခံဖြစ်လာခဲ့သည်။

သို့သော် သမ္မတရှီကျင့်ဖျင်လက်ထက်တွင် ခပ်လျှိုလျှိုနေခြင်းထက် ထိပ်တိုက်ရင်ဆိုင်သည့် ဝံပုလွေသူရဲ ကောင်းများ ပိုများလာခဲ့ပြီး တရုတ်ကမ္ဘာ့အင်အာကြီးနိုင်ငံဖြစ်လာရေးကို ဦးတည်လုပ်ဆောင်လာခဲ့ သည်။

တိန့်ရှောင်ဖိန်က ခန့်မှန်းထားသည့်အတိုင်း အနောက်နိုင်ငံများက တရုတ်ကို မိတ်ဖက်မဟုတ်သည့် ခြိမ်း ခြောက်မှုအဖြစ် စတင်မြင်လာကြသည်။ တရုတ်စီးပွားရေးနှေးကွေးမှုနှင့် ဆန့်ကျင်ဘက်ပြုလုပ်လာသည့် ကမ္ဘာကြီးကြောင့် တိန့်ပြောကြားချက်က မှန်ကန်ကြောင်း ရှီက တဖြည်းဖြည်း သဘောပေါက်လာ ပုံရသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ရှီသည် သမ္မတ ဂျိုးဘိုင်ဒန်နှင့် နှစ်နာရီခန့် ဖုန်းပြောခဲ့ပြီး ယခင်ကထက် သိသိသာသာ ဖော်ဖော်ရွေရွေပြောကြားခဲ့သည်။

နိုဝင်ဘာလ ဆန်ဖရန်စစ္စကို ထိပ်သီးစည်းဝေးပွဲအပြီးတွင် ရှီက အမေရိကန်ကို ကောင်းကျိုးပြုမည်ဟု ကတိပြုခဲ့သဖြင့် တရုတ်က မည်သည့် အကျိုးအမြတ်များ ပြန်ရလာမည်နည်းဟု လေ့လာသူများက ဆန်းစစ်ခဲ့ကြသည်။

တရုတ်ပြည်တွင်းတွင် အခြေအနေအားလုံးက အဆင်ပြေမနေပေ။ အိမ်ခြံမြေလုပ်ငန်းကြီး Evergrande က ၂၀၂၁ ခုနှစ်တွင် ကြွေးမြီဆပ်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် ယင်းမတိုင်မီကလည်းက ထရမ့်အစိုးရ လက်ထက် ကုန်သွယ်ရေးစစ်ပွဲကြောင့် စတင်ကျဆင်းခဲ့သည့် စီးပွားရေးသည် ပိုမိုကျဆင်းလာခဲ့သည်။

ကိုဗစ်နှစ်ကာလများတွင်လည်း မထူးခြားခဲ့ဘဲ၊ လွန်စွာ မျှော်လင့်ထားခဲ့သော ကိုဗစ်လွန်ကာလ စီးပွား ရေး ပြန်လည်နာလန်ထရေးသည်လည်း အကောင်အထည်မပေါခဲ့သလို စားသုံးသူနှင့် လုပ်ငန်းများ ယုံကြည်မှု အနိမ့်ဆုံး ဖြစ်ခဲ့ရသည်။

တရုတ်လူငယ် ငါးပုံတပုံကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် နွေရာသီတွင် ကွန်မြူနစ် ပါတီက အလုပ်အကိုင်အချက်အလက်များ ထုတ်ပြန်မှု ရပ်ဆိုင်းခဲ့သည်။

တရုတ်နှင့် နိုင်ငံတကာ၏ တခုတည်းသော စိတ်အားထက်သန်မှုမှာ လျှပ်စစ်ကား အစုရှယ်ယာများ ဖြစ်သည်။

တရုတ်၏ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ကောင်းမွန်သည့် အလားအလာများ ရှိနေသေးသည်မှာ သေချာပါ သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် ယင်းတို့ထဲမှတခုဖြစ်ပြီး တရုတ်လျှပ်စစ်ကားများသည် ယခုနှစ်တွင် ဥရောပဈေးကွက်၏ လေးပုံတပုံကို ရယူရန်စီစဉ်ထားသည်။

မတ်လကိန်းဂဏန်းများအရ စက်ရုံအလုပ်ရုံများ ပြန်လည်ကောင်းမွန်လာခဲ့ပြီး Citi မှ လေ့လာ သုံးသပ်သူများက ၂၀၂၄ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ငါးရာခိုင်နှုန်းရရှိနိုင်ကြောင်း ပိုမိုခန့်မှန်း ခဲ့သည်။

သို့သော် ယင်းတိုးတက်မှုသည် စီးပွားရေး ကျဆင်းမှုအတွက် မလုံလောက်သေးပေ။ တရုတ်သည် အလယ်အလတ်ဝင်ငွေထောင်ချောက်ကို ရှောင်လွဲနိုင်မည်မဟုတ်ပေ။

၂၀၂၃ခုနှစ် ကွန်ဆာဗေးတစ်ပါတီ ညီလာခံတွင် နိုင်ငံခြားရေး၀န်ကြီးဟောင်း ဂျိမ်းကယ်ဗရီက တရုတ် စီးပွားရေးကျဆင်းနေခြင်းကြောင့် ညှိနှိုင်းရေး စားပွဲသို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ပြောကြားခဲ့ သည်။

သံသယဖြစ်ခဲ့သော်လည်း လပိုင်းများအတွင်း ဖြစ်နိုင်ချေရှိသည့် အထောက်အထားများ ပိုတွေ့လာရ သည်။

ပထမဦးစွာ တရုတ်ခေါင်းဆောင်များသည် ပြည်ပသို့သွားလာမှုနည်းသော်လည်း ရှီသည် ဆန်ဖရန်စစ္စကို တွင် ဘိုင်ဒန်နှင့်တွေ့ဆုံရန် ထူးထူးခြားခြားခရီးထွက်ခဲ့ပြီး ၊ ယခုနှစ်နာရီကြာ ဖုန်းခေါ်ဆိုမှုကို တရုတ် အစိုးရမီဒီယာ များက “ဆန်ဖရန်စစ္စကို လားရာအမြင်” ဟု ခေါ်ဆိုနေကြသည်။
ထိုအမြင်က စီးပွားရေးအပေါ် ပြင်ပဖိအားများကို လျှော့ချရန် ကြိုးပမ်းမှုတွင် တရုတ်က သတိကြီးစွာဖြင့် ပြောင်းအလဲလုပ်ခြင်းနှင့် တူလှသည်။

ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံမှုနှင့် ယခုသီတင်းပတ်အတွင်း ဖုန်းခေါ်ဆိုမှုတွင် ရှီက တပိုင်းလျှပ်ကူး ပစ္စည်းများ၊ ဥာဏ်ရည်တုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များတွင် တရုတ်၏တိုးတက်မှုကို ထိန်းချုပ်ရန် ခြိမ်းခြောက်သည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ ပြစ်တင်ပြောဆိုခဲ့ပြီး၊ ထိုင်ဝမ်ကို အမေရိကန်က ပိုမိုထောက်ခံလာမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကာ မိခင်ကုမ္ပဏီမှ ခွဲထုတ်ရန် ခြိမ်းခြောက် ခံနေရသည့် TikTok ပြဿနာကို ဖော်ပြခဲ့သည်။
အနောက်တိုင်းမဟာမိတ်များနှင့် ပိုမိုရင်းနှီးပြီး အကျိုးအမြတ်များရရှိနေသည့် အမေရိကန်ကို ကျော်တက်ရန် မဖြစ်နိုင်သေးကြောင်း တိန့်ရှောင်ဖိန်က သဘောပေါက်ခဲ့သည်။ တိန့်ရှောင်ဖိန်ခေတ် တရုတ်ပြည်သည် လွတ်လပ်ပျော်ရွှင်သည့် တရုတ်နိုင်ငံမဟုတ်သေးသော်လည်း ရန်မလိုကြောင်း၊ အနောက်တိုင်းက စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသည့် လစ်ဘရယ်လမ်းကြောင်းသို့ လျှောက်လှမ်း နေကြောင်းကမ္ဘာက ယုံကြည်အောင် ဖော်ပြနိုင်ခဲ့သည်။

ပျမ်းမျှအားဖြင့် အမေရိကန်သည် သာမန်တရုတ်လူမျိုးထက် ခြောက်ဆချမ်းသာနေဆဲဖြစ်သော်လည်း ရှီလက်ထက် တရုတ်နိုင်ငံသည် အဆများစွာ အင်အားကောင်းနေပြီး ကပ်ရောဂါမဖြစ်ပွားပါက မကြာမီ ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖြစ်လာမည်ဖြစ်သည်။

တရုတ်၏ တပိုင်းလျှပ်ကူးပစ္စည်းများသည် ကောင်းမွန်သော်လည်း ထိုင်ဝမ်နှင့် တောင်ကိုရီးယားကဲ့သို့ ကောင်းမွန်ခြင်းမရှိပေ။ တရုတ်စစ်တပ်သည် ကြီးမားပြီး အင်အားကောင်းလာသော်လည်း အသုံးစရိတ် သည် အမေရိကန်၏ သုံးပုံတပုံအောက်သာရှိသေးသည်။

ဝေဖန်သူများက မကြာခဏ သတိမမူမိကြသည့် အရေးကြီးဆုံးအချက်မှာ တရုတ်သည် အနောက်နိုင်ငံ များနှင့် ကုန်သွယ်မှုအပေါ် မှီခိုနေရဆဲဖြစ်ပြီး ယင်း၏ အကြီးဆုံးကုန်သွယ်ဖက်များမှာ ဥရောပသမဂ္ဂ၊ အမေရိကန် နှင့် တောင်ကိုရီးယားတို့ဖြစ်သည်။

အပြန်အလှန်မှီခိုနေကြသော်လည်း တရုတ်က အချိန်မတိုင်မီ အာဏာပြခဲ့သဖြင့် ယခုအခါ အနောက် နိုင်ငံများက ယင်းကို ထိန်းချုပ်ရန် ကြိုးစားလာခြင်းဖြစ်သည်။

တရုတ်အလျော့ပေးနေချိန်တွင် ဘိုင်ဒန်က တရုတ်နည်းပညာနှင့် ပြန်လည်ပြည့်ဖြိုးမြဲပစ္စည်းများအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် မထောက်ခံခဲ့ပေ။ ကွန်မြူနစ်ပါတီ၏ အဆာကျယ်မှုကြောင့် အနောက်နိုင်ငံမှ နိုင်ငံရေးသမားများနှင့် လူထုက တရုတ်ကို ဆန့်ကျင်ရလာရေးအတွက်ကိုလည်း ၎င်းက ပြုလုပ်ဉီးမည် မဟုတ်ပေ။

ဂုဏ်သိက္ခာပိုင်းထိခိုက်မှုကို မြန်မြန်ဆန်ဆန်ကောင်းမွန်အောင်မပြုလုပ်နိုင်ကြောင်းကို မကြာခင် ရှီကျင့်ဖျင် သဘောပေါက်လာမည်ဖြစ်သည်။