ရာသီကုန်မှာ ယူနိုက်တက်မှ ထွက်ခွာမည်ဟု ဗာရန်း ကြေညာ

By PKThawn

ရာဖေးလ် ဗရန်းက အိုးလ်ထရက်ဖို့ဒ်မှာ သုံးနှစ်ကြာကစားပြီးနောက် သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန် ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၃၁ နှစ် ပြင်သစ်နောက်ခံလူဟောင်းဟာ ၂၀၂၁ မှာ ရီးယဲလ်မက်ဒရစ်ကနေ ကလပ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း (ဒေါ်လာ ၄၃ သန်း) ဖြင့် ရောက်ရှိလာခဲ့ပြီး ၉၃ ပွဲကစားကာ နှစ်ဂိုးသွင်းထားပါတယ်။

ခြောက်နှစ်ကြာမှာ ကလပ်ရဲ့ပထမဆုံးဆုဖလားဖြစ်တဲ့ ၂၀၂၃ လိဂ်ဖလားကို ဆွတ်ခူးခဲ့ရာမှာ သူဟာ အသင်းရဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ ဆိုးရွားတဲ့ရာသီတခုကို ဖြတ်သန်နေပြီး ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ရှုံးနဲ့အတူ အဆင့် (၈) နေရာမှာ ရပ်တည်နေကာ ဥရောပဝင်ခွင့်ရဖို့ မဖြစ်နိုင်သလောက်ရှိပါတယ်။

ဗာရန်းဟာ မန်နေဂျာ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ လက်အောက်က ယူနိုက်တက်ကို မပြောင်းခင်မှာ ရီးယဲမက်ဒရစ်မှာရှိစဉ်က လာလီဂါဖလား သုံးလုံးနဲ့ ချန်ပီယံလိဂ်ဆုဖလား လေးလုံးတို့ကို ဆွတ်ခူးခဲ့ပါတယ်။

သူဟာ ၂၀၂၃ ဖေဖော်ဝါရီမှာ လက်ရွေးစင်ဘောလုံးသမားဘဝကနေ အနားယူခဲ့ခင် ၂၀၁၈ မှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရရှိခဲ့ပါတယ်။ 

ဒဏ်ရာပြဿနာတွေကြောင့် ယူနိုက်တက်ကစားသမားဘဝ ရုန်းကန်ခဲ့ရသူ ဗရန်းဟာ ဧပြီ ၄ ရက်က ချယ်လ်ဆီးကို ၄-၃ ဂိုးဖြင့် ရှုံးခဲ့တဲ့နောက်ပိုင်း မကစားနိုင်ခဲ့ဘဲ ရာသီမကုန်ခင်မှာ ပြန်လည်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ဗာရန်းဟာ ဒီလနှောင်းပိုင်းမှာ FA ဖလားဖိုင်နယ်မှာ ပါဝင်ကစားပြီး နောက်ထပ် ဆုဖလားတလုံး ကိုင်မြှောက်ကာ ထွက်ခွာသွားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

“ကျနော်တို့မှာ ခက်ခဲတဲ့ရာသီတခုဖြစ်ခဲ့တာမှန်ပေမယ့် ကျနော်အနေနဲ့ အနာဂတ်အတွက် အများကြီး အကောင်းမြင်ပါတယ်”လို့ ဗာရန်းက ပြောပါတယ်။

“ပိုင်ရှင်သစ်တွေဟာ ရှင်းလင်းတိကျတဲ့ အစီအစဉ်နဲ့ ကောင်းမွန်တဲ့ နည်းဗျူဟာတွေနဲ့အတူ ရောက်ရှိလာပါတယ်။

“ဒီရာသီနောက်ဆုံးအိမ်ကွင်းပွဲမှာ နှုတ်ဆက်ဖို့ အိုးလ်ထရက်ဖို့ဒ်မှာ တွေ့ပါမယ်။ ပြီးတော့ ဒါဟာ ကျနော့်အတွက် အရမ်းစိတ်လှုပ်ရှားစရာ နေ့တနေ့ဖြစ်မှာ အသေအချာပဲ။”

Ref; AFP