အပူဒဏ်နဲ့ကျန်းမာရေးပြဿနာသတိပြုရမယ့် နွေ(ရုပ်သံ)

ဂျူချန်း

လတ်တလောမှာ မြန်မာနိုင်ငံဒေသအများစု နေ့ အပူချိန်တွေမြင့်တက်နေပြီး ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲပြဿနာတွေအတွက် သတိပေးချက်တွေရှိနေပါတယ်။

လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့မှာလည်း နေ့အပူချိန်တွေမြင့်တက်နေတာကြောင့် လမ်းမတွေမှာ လူအသွားအလာနည်းနေသလို လျှပ်စစ်မီးပုံမှန်မရတဲ့ ပြဿနာကြောင့် အပူဒဏ်ကိုရင်ဆိုင်ရတာ ပိုခက်ခဲနေတယ်လို့ ရန်ကုန်မြို့က အိမ်ထောင်ရှင်အမျိုးသမီးတဦးက ပြောပါတယ်။

အပူချိန်မြင့်တက်လာမှုနဲ့ဆက်စပ်ပြီး ရေရှားပါးခြင်းနဲ့ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါ၊ အရေပြားရောဂါ၊မျက်ခမ်းစပ်ရောဂါတွေဖြစ်ပွားနိုင်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)က သတိပေးထားပါတယ်။

သတင်းတည်းဖြတ်/တင်ဆက် – ဂျူချန်း