တရုတ်ကို ပစ်မှတ်ထားသည့် အဓမ္မစေခိုင်းမှုဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှုတားမြစ်သည့် ဥပဒေ ဥရောပပါလီမန် ပြဌာန်း

ပုံစာ- မဲပေးရန်အတွက် ဥရောပပါလီမန်အစည်းအဝေး ကျင်းပနေပုံ။

ပုံစာ- မဲပေးရန်အတွက် ဥရောပပါလီမန်အစည်းအဝေး ကျင်းပနေပုံ။

ANI

အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်ထားသော ကုန်ပစ္စည်းများအား ရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် တင်ပို့ ခြင်းတို့ကို ရပ်ဆိုင်းရေး နောက်ဆုံးအတည်ပြုချက်ကို မကြာသေးမီက ပြုလုပ်ခဲ့သော အစည်းအဝေးများတွင် ဥရောပပါလီမန်က ဆုံးဖြတ်ခဲ့သည်။

ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ထုတ်လုပ်သည့် ထုတ်ကုန်များအတွက် ယင်းစည်းမျဉ်းကို ကျင့်သုံးသော် လည်း ယင်းဥပဒေသည် အဓမ္မလုပ်အားပေးခိုင်းစေမှုများရှိနေသည့် တရုတ်နှင့် တာ့ခ်မင်နစ္စတန်ကဲ့သို့ နိုင်ငံများကို ရည်ရွယ်ခြင်းဖြစ်ကြောင်း Euro News က ဖော်ပြထားသည်။

ယင်းဥပဒေကို ထောက်ခံမဲ ၅၅၅ မဲ၊ ကန့်ကွက်မဲ ၆ မဲနှင့် ကြားနေမဲ ၄၅ မဲဖြင့် အတည်ပြုခဲ့သည်။

ယင်းဥပဒေကို ဥရောပသမဂ္ဂကောင်စီက နောက်ဆုံးအတည်ပြုရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက် တရားဝင်ဂျာနယ်တွင် ဖော်ပြသွားမည်ဖြစ်ပြီး၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ယင်းကို သုံးနှစ်အတွင်း စတင်ကျင့်သုံးရမည်ဖြစ်သည်။

ယင်းဥပဒေသည် သံသယဖြစ်ဖွယ် ကုန်ပစ္စည်းများ၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် ထုတ်လုပ်သူများကို အဖွဲ့ဝင် နိုင်ငံများမှ အာဏာပိုင်များနှင့် ဥရောပကော်မရှင်တို့က စုံစမ်းစစ်ဆေးရန် ခွင့်ပြုပေးထားကြောင်း ဥရောပပါလီမန် က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂ၏ အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်တွင် ကုန်ပစ္စည်းတခုသည် အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ပြုလုပ်သည်ဟု ယူဆပါက အွန်လိုင်းအပါအဝင် ဥရောပသမဂ္ဂဈေးကွက်တွင် ရောင်းချရန် မဖြစ်နိုင်တော့ ကြောင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ နယ်စပ်များတွင် တင်ပို့မှုကို ကြားဖြတ်ဖမ်းဆီးခံရမည်ဖြစ်သည်။ .

နိုင်ငံတကာအဖွဲ့အစည်းများ၊ ပူးပေါင်းဆောင်ရွက်နေသော အာဏာပိုင်များနှင့် သတင်းပေးသူများထံမှ ရရှိနိုင် သော အချက်အလက်မှန်နှင့် အတည်ပြုနိုင်သည့် အချက်အလက်များအပေါ် အခြေခံ၍ စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။

အချို့သော စီးပွားရေးကဏ္ဍများနှင့် ပထဝီဝင်ဒေသများတွင် နိုင်ငံတော်မှ ပြုလုပ်သည့် အတင်းအဓမ္မခိုင်းစေမှု အပါအဝင် အန္တရာယ်အချက်များနှင့် စံနှုန်းများကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။
ဥရောပသမဂ္ဂပါလီမန်၏ ထုတ်ပြန်ချက်တွင် တားမြစ်ထားသော ကုန်ပစ္စည်းထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်ကုန်များကို ဥရောပသမဂ္ဂဘုံဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရမည်ဖြစ်သည်။

မလိုက်နာသောကုမ္ပဏီများအား ဒဏ်ရိုက်မည်ဖြစ်ပြီး ကုမ္ပဏီသည် ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်များမှ အတင်း အဓမ္မစေခိုင်းမှုများကို ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကုန်ပစ္စည်းများကို ဥရောပသမဂ္ဂတွင် ပြန်လည် ခွင့်ပြုမည် ဖြစ်သည်။ “

မကြာသေးမီက အစီရင်ခံစာတခုတွင် ဝီဂါနှင့် အခြားလူနည်းစုလူမျိုးစုများအပေါ် စနစ်ကျသော ချိုးဖောက်မှု များကို မှတ်တမ်းတင်ထားသည့် အထောက်အထားများရှိသည့် တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်ရှိ ထိန်းသိမ်းရေး စခန်းများတွင် အဓမ္မလုပ်အားပေးစေခိုင်းမှုများနှင့် ဥရောပနိုင်ငံများမှ ဒါဇင်နှင့်ချီသော အမှတ်တံဆိပ်များကြား ဆက်စပ်မှုရှိသည်ကို တွေ့ရှိခဲ့သည်ဟု Euro News သတင်းက ဖော်ပြခဲ့သည်။

ဆွီဒင်အခြေစိုက် H&M နှင့် Zara ကဲ့သို့သော ကုန်အမှတ်တံဆိပ်များသည် ရှင်ကျန်းပြည်နယ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ထိန်းသိမ်းရေးစခန်းများတွင် ဝီဂါများက ထုတ်လုပ်သည့် ပစ္စည်းများ ဖြစ်နိုင်သည်ဟု Euro News က ဖော်ပြခဲ့သည်။

ရှင်ကျန်းဒေသသည် ခန့်မှန်းခြေအားဖြင့် တရုတ်ချည်ထည်၏ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး ကမ္ဘာ့စုစုပေါင်းထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်။

ဝီဂါများအား အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ပစ္စည်း တခုလုံး သို့မဟုတ် တစိတ်ပိုင်းပြုလုပ်ခဲ့ခြင်းကြောင့် ယခုနှစ် တွင် အမေရိကန်ဆိပ်ကမ်းများတွင် ဒေါ်လာ သန်း ၅၀၀ နီးပါးတန်ဖိုးရှိသော သွင်းကုန်များကို ပိတ်ဆို့ထားကြောင်း အမေရိကန်အကောက်ခွန်နှင့် နယ်ခြားစောင့်ရဲအကြီးအကဲက မတ်လတွင် ကြေညာခဲ့သည်ဟု RFA သတင်းဌာန က ဖော်ပြခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်အစိုးရက ရှင်ကျန်းတွင် ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို တားမြစ်သည့် ဥပဒေတရပ်ကို ပြဌာန်းခဲ့သည်။