စိန်ခေါ်မှုများနဲ့ ပြည်တွင်းက သတင်းသမားများ

မဇ္ဈိမ။ ။ ဒီကနေ့(မေလ ၃ ရက်)ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သတင်းစာလွတ်လပ်ခွင့် အန္တရာယ်အကြီးမားဆုံး ကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံများ အနက် ပထမ နေရာမှာ ရှိနေပါတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF ) ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဟာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှု ဒုတိယ အများဆုံးနိုင်ငံလည်းဖြစ်တယ်လို့ RSF ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်း သတင်းထောက် ၁၆၉ ဦးနဲ့ အထက်ကို ဖမ်းဆီးခဲ့တယ်လို့လည်း Detained Journalists Information Myanmar ၏ အချက်အလက်များအရ သိရပါတယ်။

ဒီလို ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ပြည်တွင်းမှာပဲနေထိုင်ပြီး သတင်းရယူ ရေးသားဖော်ပြနေကြတဲ့ ပြည်တွင်းသတင်းထောက်တွေလည်းရှိနေဆဲပါ။ ပြည်တွင်းသတင်းထောက်တွေ ဘယ်လိုအခက်အခဲတွေရှိနေလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ မဇ္ဈိမက မေးမြန်းထားပါတယ်။

တည်းဖြတ်။ ။ ဆုလေး