အစ္စရေးကလပ်နှစ်သင်း ပင်နယ်တီကန်သွင်းမှု ၅၆ ကြိမ်ဖြင့် ကမ္ဘာ့စံချိန်တင်

အစ္စရေးကလပ်နှစ်သင်းဖြစ်တဲ့ SC ဒီမိုနာနဲ့ ရှိရှုန်တဲလ်အဗစ်တို့ဟာ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းမှုအများဆုံးအရေအတွက်အဖြစ်  ၅၆ ကြိမ်နဲ့ ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

တတိယတန်းပြိုင်ပွဲရဲ့ တန်းတက် playoff  ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အချိန်ပိုအပြီး နှစ်ဖက် နှစ်ဂိုးစီနဲ့သရေကျခဲ့ပြီး အနိုင်အရှုံးအတွက် ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံး ပင်နယ်တီ ၂၈ ကြိမ်စီ ကန်သွင်းပြီးနောက် ဒီမိုနာအသင်းက ၂၃-၂၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နီဂစ်သဲကန္တာရရှိ ဒီမိုနာမြို့မှာ ထူးခြားတဲ့ သမိုင်းသစ်ကို တနင်္လာနေ့က ရေးထိုးခဲ့ပါတယ်။

အဆိုပါအစ္စရေးတတိယတန်းပြိုင်ပွဲဟာ ကလပ်အသင်းတွေ Northern League ဒုတိယတန်းမှာ ဝင်ခွင့်ရဖို့ ယှဉ်ပြိုင်ကစားကြတာဖြစ်ပါတယ်။

အရင်က ပင်နယ်တီကန်သွင်းမှု ၅၄ ကြိမ် စံချိန်ဟာ အင်္ဂလန်မှာ ၂၀၂၂ မတ်လတုန်းက ဝါရှင်တန်အသင်းက ဘတ်လင်တန်ကို ၂၅-၂၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အန်နာအမ်းစထရောင်း အမှတ်တရဖလား ပထမအဆင့်ပွဲစဉ်မှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အီဂျစ်မှ Modern Future နဲ့ ပရိမစ်စ်တို့ဟာ ဂိုးမရှိသရေကျပြီးနောက် Modern Future အသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ ၁၄-၁၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် KK ပဲလေ့စ်နဲ့ စီဗစ်စ်တို့ရဲ့ ၂၀၀၅ နမီးဘီးယားဖလားပွဲစဉ်မှာ ပင်နယ်တီကန်သွင်းမှု ၄၈ ကြိမ် ရှိခဲ့ပါတယ်။

Ref; Reuters, The guardian