နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၃ မေ ၂၀၂၄)

အမျိုးသားညီညွတ်ရေးအစိုးရ

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ တနင်္သာရီ မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဦးစီးပြုလုပ်တဲ့ မူလတန်းပြ ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းပေးခဲ့ကြောင်း သိရသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို မေ ၂၂ ရက် က ပြုလုပ်ခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း ၊ မြင်းမူမြိုနယ်အတွင်း ကြေးနီများတင်ဆောင်လာသည့် ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်း People Defence Force – South Monywa က ယမန်နေ့(မေလ ၂၂ရက်)တွင် ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • ရခိုင်ပြည်အတွင်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေများတွင် အာရက္ခတပ်တော် AA ဘက်မှ အတူရပ်တည်ကြောင်း နွေဦးတော်လှန်ရေးအဖွဲနှစ်ခုက ယနေ့ မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။
  • ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
  • စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၂၅၀ ကျော်ကို အညာပစ်တိုင်းထောင် လေးများအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
  • ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနှင့် တော်လှန်ပြည်သူများက ညောင်ရေသွန်းလောင်းရင်း တော်လှန်သပိတ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲ ဖျက်ဆီး ခံရသောကြောင့် တံတားပြိုကျသွားကာ လမ်းသွားလာသည့် လူတဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းနှင့် ဒေသခံ ကားသမားများထံမှ သိရသည်။
  • မြန်မာ၌ ငြိမ်းချမ်းမှုမရှိ သေးသည့်အချိန်တွင် ပြိုင်ပွဲဝင်မည် မဟုတ်ဘဲ ပြည်တွင်းစစ်ကြောင့် လုံခြုံရေး စိုးရိမ်ရ သည့်အတွက် နိုင်ငံတကာ အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု ဆိုသည့်အတွက် မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထား‌သော ၂၀၂၄ ခုနှစ်အတွက်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်သည်ဟု Miss Grand International က ကြေညာသည်။
  • မြန်မာစစ်တပ်အား ဂျပန်အစိုးရအကူအညီစီးဆင်းမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြီးခဲ့သည့် ဖေဖော် ဝါရီလတွင် ဝန်ကြီးချုပ် ဖိမီရိုကီရှီဒါ ပြောဆိုခဲ့သော် လည်း ဂျပန်ဆောက်လုပ် ရေး ကုမ္ပဏီကြီး Yokogawa Bridge Corp သည် စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ တံတား တည် ဆောက်ရေးစီမံကိန်းတခုအတွက် ယခု တပတ်အတွင်း ငွေပေးချေရန် စီစဉ်နေ ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch- HRW) က ထုတ်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ရှမ်းမြောက်ဒေသ တအာင်းပြည် နမ့်ဆန်မြို့တွင် ယမန်နေ့ မေ၂၂ ရက်နေ့ ပြုလုပ်သော တအာင်း ပညာရေးကောင်စီ (TLEC) ဆရာ/မ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲသို့ TNLA အထွေထွေ အတွင်း ရေးမှူး နှင့် အာရက္ခတပ်တော် AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
  • ရခိုင်အရေးနှင့်ပတ်သက်၍ ကြောင်းကျိုးဆီလျှော်သော အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာ ပြောင်တိုက်သော ကြောင်သူတော်မိတ်ဆွေများအနေဖြင့် ၎င်းတို့နှင့် ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းလိုက်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန် ပြောဆိုလိုက်သည်။
  • ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့တွင် ယမန်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားသောကြောင့် ပြည်သူပိုင်ပစ္စည်းများ ကျပ်သိန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ပလောင် (တအောင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က မေ ၂၂ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ

  • ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ ငါးဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
  • နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြကြောင်း သတင်းထုတ်ပြန်သည်။
  • ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံအမှတ် (၅၄) လေလံတင်ကိစ္စ တင်ပြရန် မေလ ၃၁ ရက်ကို ရုံးချိန်း ထပ်ပေးထားကြောင်း ကမာရွတ်ခရိုင်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယ ခရိုင်တရားသူကြီး (၁) ဦးဇော်မင်းအောင်၏ ပြောဆိုချက်ကို ကိုးကား၍ One News သတင်းတွင် ဖော်ပြသည်။
  • သဘာဝထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ (၁၀)ရာခိုင်နှုန်း ဖွဲ့စည်းသတ်မှတ်နိုင် ရေး တွန်းအားပေးဆောင်ရွက်နေရာ လက်ရှိတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉)ခု ရာခိုင်နှုန်း အနေဖြင့် ၆ ဒသမ ၄၂ ရာခိုင်နှုန်း သတ်မှတ်တည်ထောင်ပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူကပြောသည်။

မေ  ၂၃ ရက် သုံးသပ်ချက်

  • ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ သိမ်းပိုက်ထားသည့် မြို့များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမှုရေးပညာရေးများကို ပြန်လည်လုပ်ဆောင်လာနိုင်သည်ကို တွေ့ရသည်။