မွန်၊ တနင်္သာရီ ဒေသအစပ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၌ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းမြင့်တက် (ရုပ်သံ)

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်နဲ့ တနင်္သာရီအစပ် တောထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေပါတယ်။ မိုးမကျခင် မတ်လ အကုန် ဧပြီလကတည်းက စတင်ဖြစ်ပွားနေကြတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ထက်ဝက်ကျော် ငှက်ဖျားဖြစ်ပွားနေကြတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနှစ်ရောဂါဖြစ်ပွားမှုနှုန်းဟာ အရင်နှစ်တွေကထက်ပိုများတယ်လို့ MSRF တာဝန်ခံ နိုင်နဂါး ကပြောပါတယ်။

ငှက်ဖျားရောဂါဟာ ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်ကိုက်ခံရတာကတဆင့် ကူးစက်တတ်တာဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့ ရောဂါတမျိုးဖြစ်ပေမယ့် ကြိုတင်ကုသနိုင်ရင် ပျောက်ကင်းနိုင်ပါတယ်။ ငှက်ဖျားရေားဂါဟာ မိုးတွင်းကာလ မေလကနေ စက်တင်ဘာလအတွင်းမှာ ကူးစက်မှုအများဆုံးရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မြန်မာ က ပြောထားပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း