ချောင်းဦးထွေအုပ်ရုံးနှင့် ရဲစခန်း ကို ဒရုန်းဖြင့်တိုက်ခိုက်၊ ဦးစီးမှူး နှင့် စစ်သား ၂ ဦးသေဆုံး

GTR-MMU အဖွဲ့ မှ ရဲဘော်တဦးကို တိုက်ခိုက်ရေး ဗုံးသီး တလုံးနှင့်တွေ့ ရစဉ်

GTR-MMU အဖွဲ့ မှ ရဲဘော်တဦးကို တိုက်ခိုက်ရေး ဗုံးသီး တလုံးနှင့်တွေ့ ရစဉ်

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့ ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ ထွေအုပ်ရုံးဦးစီးမှူး တဦး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားကြောင်း GTR-MMU အဖွဲ့ က ယနေ့ မတ်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်းတွင် အဆိုပါနေရာများ ကို ဒရုန်းဖြင့် ဗုံးသီး ၁၁ လုံးကြဲချတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း GTR-MMU အဖွဲ့ မှ ရဲဘော် ဘရာဗို က ပြောသည်။

၎င်းက “ ပထမ နှစ်လုံးက နည်းနည်းလွဲသွားတယ်။ ကျန် ကိုးလုံး ကတော့ ကျတော်တို့ သတ်မှတ်ထား တဲ့ နေရာတွေကို ထိတယ် ။ ဦးစီးမှူး တယောက်နဲ့ စစ်သား နှစ်ကောင် ကျတယ်လို့ သိရတယ်” ဟု ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့ သည် တိုက်ခိုက်ခံလိုက်ရပြီးနောက် အနီးအနားဝန်းကျင်ကို စစ်ကြောင်းဖြင့် ထွက်လာသည့် အတွက် ကာကွယ်ရေးတပ်ဖွဲ့ များ ပစ်ခတ်ဆုတ်ခွာလာခဲ့ရကြောင်း ရဲဘော် ဘရာဗို က ဆိုသည်။

“ သူတို့က သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတာ ကျတော်တို့ ရဲဘော်တွေ နဲ့ မလှမ်းမကမ်းထိ ရောက်လာလို့ ရဲဘော်တွေ ၄၀ မမ တွေ နဲ့ ပစ်ပြီး ပစ်ဆုတ် ဆုတ်လာရတယ် “ ဟု ရဲဘော်ဘရာဗို က ပြောသည်။

ယခုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ်(၂) တပ်ရင်း၊ တပ်ခွဲ (၂) ၊ Ghost Team Ranger Myinmu GTR-MMU ၊ မုံရွာခရိုင် အမှတ်(၈) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ်(၆) တပ်ရင်း ၊ Myinmu Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး