ရေဖြူတွင် စစ်ကောင်စီ ဗိုလ်ကြီးပစ်ခတ်ခံရပြီး သေဆုံး

ပုံအညွှန်း - သေဆုံးသူဗိုလ်ကြီးဇင်ဝင့်အောင်ထံမှသိမ်းဆည်းရမိပစ္စည်းများ(ဓါတ်ပုံ - Yephyu People Defense Force (YPPDF)

ပုံအညွှန်း – သေဆုံးသူဗိုလ်ကြီးဇင်ဝင့်အောင်ထံမှသိမ်းဆည်းရမိပစ္စည်းများ(ဓါတ်ပုံ – Yephyu People Defense Force (YPPDF)

MTI

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် တွင် ခလရ (၄၀၇) တပ်အတွင်းမှ အိမ်စီး ကားဖြင့်လာသည့် ဗိုလ်ကြီးဇင့်ဝင်အောင် ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာတွင်သေဆုံးသွားကြေင်း Yephyu People Defense Force (YPPDF) အဖွဲ့ က ဇွန်လ ၂ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ ရက်နေ့ မနက် ၁၁ နာရီ ၂၂ မိနစ်အချိန်တွင် တပ်အတွင်းမှ ထားဝယ်မြို့ဘက်သို့ ကားမောင်းလာသည့် ဗိုလ်ကြီးကို ရေဖြူ ၊ထားဝယ် လမ်းပိုင်း တနေရာတွင် အသင့် စောင့်ဆိုင်း ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YPPDF အဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ကားအတွင်းမှ အမျိုးသမီး တဦး နှင့် ကလေးငယ် နှစ်ဦးကို လွတ်ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း YPPDF အဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “အမျိုးသမီးနဲ့ကလေးတွေကို ဖြစ်စဉ်ဖြစ်တဲ့နေရာမှာပဲ ပြန်လည်လွှတ်ပေးခဲ့ပါတယ် ။
ထိန်းသိမ်းထားတာမျိုးမရှိပါဘူးဗျ ။ နေရာမှာ ပဲဘေးလွတ်ရာရွှေ့ပေးပြီး လွှတ်ပေးခဲ့တာပါ “ ဟုပြော သည်။

ယင်းနောက် ကားနှင့်အတူ ပါလာသည့် ပစ္စည်းများကို စစ်ဆေးခဲ့ရာ ဗိုလ်ဲကြီးဇင့်ဝင်အောင်၏ တပ်မတော်(ကြည်း) ပြန်တမ်းဝင်အရာရှိ စိစစ်ရေးလက်မှတ် ၊ မှတ်ပုံတင် ၊ တယ်လီဖုန်းများနှင့် အခြား ပစ္စည်းများကို သိမ်ဆည်းရရှိခဲ့ကြောင်း YPPDF အဖွဲ့ က ဓါတ်ပုံနှင့် တကွ ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုကို Yephyu People Defense Force (YPPDF) အဖွဲ့ နှင့်အတူ ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးများကို အရှိန်တိုးမြှင့်ဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန် YPPDF ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး