ရီမယ်လ်ဆိုင်ကလုန်းမုန်တိုင်းဟာ စစ်တွေကို ဝင်ရောက်တယ်လို့ ဖြန့်ဝေထားတဲ့ သတင်းမှား|Misinformation Buster S3|Ep.119

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတပတ်အစီအစဉ် မှာတော့

– စစ်ကောင်စီတပ်က ရွာမီးရှို့တာကို PDF တွေပြုလုပ်သယောင် ရုပ်သံဖိုင်နဲ့ ဖြန့်ဝေထားတဲ့သတင်းမှား

– ရီမယ်လ်ဆိုင်ကလုန်းမုန်တိုင်းဟာ စစ်တွေကို ဝင်ရောက်တယ်လို့ ဖြန့်ဝေထားတဲ့ သတင်းမှား နဲ့

– ဇွန်လရဲ့ ကြိုတင် သိထားသင့်ပြီး ပျံ့နှံ့နိုင်ချေရှိတဲ့ သတင်းတွေအကြောင်းကို စုစည်းတင်ဆက်ပေးသွားမှာပါရှင်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။