လက်ပန်တန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၆ ဦးထိ ရှိလာ

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ လက်ပန်တန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း မြို့နယ်နှင့် ရပ်ကျေးအဆင့် ပ သုံးလုံး အဖွဲ့များ အစည်းအဝေး ပြုလုပ်နေချိန် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ဖြင့် လာရောက်ဗုံးကြဲ ခဲ့သည့်ဖြစ်စဉ်အတွင်း သံဃာ တပါးအပါအဝင် သေဆုံးသူ ၁၆ ဦးထိ ရှိလာ နေပြီဖြစ်တယ်လို့ ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ရပ်ကျေးအဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် ကို ပွားကြီး က ပြောပါတယ်။

ပြည်သူ့အုပ်ချုပ်‌ရေး၊ပြည်သူ့ကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေး (ပသုံးလုံး)အဖွဲ့ဝင်တွေအပါအဝင် ဦးရေ ၃၀၀ ကျော် အဲ့ဒီအစည်းအဝေးကို တက်ရောက်ခဲ့တာပါ။

အစည်းအဝေးကို မနေ့က( ဇွန်လ ၈ ရက်) မနက်ပိုင်းမှာ လက်ပန်တန်း ကျေးရွာဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်မှာ ပြုလုပ်ခဲ့တာပါ။

သတင်း MTO
တည်းဖြတ် ၊ တင်ဆက် – MTO