ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသပျံလွန်မှုဖြစ်စဉ်ရှင်းတမ်း (ရုပ်သံ)

ရွှေနွယ်

(မဇ္ဈိမ)။ ။နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်ကို PDF တွေက ပစ်ခတ်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားချိန်မှာပဲ ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ ဆရာတော်နဲ့အတူပါဝင်ခဲ့တဲ့ ကံသုံးဆင့်ဆရာတော်ဘဒ္ဒန္တဂုဏိသာဘိဝံသက ပစ်ခတ်မှုကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တာလို့ ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အမှုကို ပြန်လည်‌စစ်ဆေးပါမယ်လို့ စစ်ကောင်စီဘက်က ပြန်လည်ထုတ်ပြန်လာပါတယ်။

ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသပစ်ခတ်ခံရချိန်ကနေ ဒီက‌နေ့အထိ နောက်ဆုံးအခြေအနေကို ဒီရုပ်သံမှာ ရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ်။

သတင်းတင်ဆက် – ရွှေနွယ်