ထားဝယ်ကျောက်ထုစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းယူ

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ခုနှစ်ဦးကို အရှင်ဖမ်းမိခဲ့တဲ့ အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ၊ ဒု-စစ်ဒေသခွဲမှူး-၂ ရဲဘော် ဂျူပီတာက မဇ္ဈိမကို ပြောပါတယ်။

သတင်း။ တင်ဆက်/တည်းဖြတ်>>>> ကိုရွှေမြိတ်