နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၃ ဇွန် ၂၀၂၄)

ပုံအညွှန်း - လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

အမျိုးသား ညီညွတ်ရေးအစိုးရ

  • မကွေးတိုင်း၊ ဆောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာပြီး တောထဲ စစ်ရှောင် နေရသည့် ပြည်သူများအတွက် ငွေကျပ် သိန်း ၂၀၀ ကျပ်ကို သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း PDF ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းက အသိပေးသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိတဦးဖြစ်သည့် Principal Deputy Assistant Secretary Bureau Of Democracy, Human Rights, and Labor ဖြစ်သူ Mr. Robert S. Gilchrist နှင့် ဇွန် ၂၂ရက်က အမေရိကန်နိုင်ငံခြားရေးဌာန၌ တွေ့ဆုံခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ် အနီးသို့ ချောင်းဦး မြပုလဲစစ်ဆေးရေးဂိတ်မှ လာရောက် ကင်း‌ေစာင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း Special Force 11 PDF အဖွဲ့ က သတင်းထုတ်ပြန်သည်။
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားနဲ့ နွေဉီးတော်လှန်ရေး ရန်ပုံငွေ‌ဈေး ရောင်းပွဲကို ဩစတြေးလျနိုင်ငံ Queensland ပြည်နယ်၊ ဘရစ္စဘင်းမြို့မှာ မြန်မာပြည်ဖွားတွေက ဇွန်လ ၂၂ ရက်နေ့မှာ စုပေါင်းကျင်းပ ပြုလုပ်သွားခဲ့ကြပါတယ်။
  • အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့တော် ဆန်ခရမ်မဲန်တိုတွင် “မြန်မာပြည် ထောက်ပံ့ကူညီရေး နှစ်သစ်ကူးရန်ပုံငွေ စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေရေး ပွဲတော်” ကို Free Burma Action Committee – Sacramento နှင့် ဆန်ခရမ်မဲန်တိုမှ တိုင်းရင်းသားမိသားစုများမှ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရှိရသည်။
  • အမေရိကန်ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် လောကချမ်းသာစေတီတော်တွင် Helping Hands for Burma အဖွဲ့က “တတိယ အကြိမ်မြောက်၂၀၂၄ မြန်မာ့နှစ်သစ်ကူး ရန်ပုံငွေစျေးရောင်းပွဲတော်” ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ရွှေကျင်ဂိုဏ်းဥက္ကဋ္ဌ သီတဂူက ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှုအပေါ် သံဃာများ အနေဖြင့် မေ့ပျောက်၊ သည်းခံ ၊ ခွင့်လွှတ်ရန်ပြောဆိုလိုက်မှုသည် တိုင်းပြည်ဖျက်ဆီးသူ များဘက်မှ အတိအလင်းရပ်တည်မှုကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက မိန့်ကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ထိုင်း−မြန်မာနယ်စပ်တွင် အရေးပါသည့် စစ်ကောင်စီတပ် စခန်းဖြစ်သည့် စုကလိစခန်းကုန်းကို KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
  • ကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးလမ်းကြောင်းတွင် သွားလာကူးသန်းနေသည့် ယာဉ်များကို လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ ငွေကြေးကောက်ခံမှု အဆမတန်များပြားနေကြောင်း ကုန်သည်များထံမှ သိရသည်။
  • မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ကင်းစခန်းတခုကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို (CDF – Asho)က ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။
  • ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းနေရာကို ပြည်သူကာကွယ်ရေးတပ်(PDF)- ဇိုလဲန်းတပ်ဖွဲ့အလံ ပြန်လည်လွှင့်ထူလိုက်ကြောင်း PDFက အသိပေးသည်။
  • ​ဒေါန​တောင်တွင်ပိတ်မိ​နေ​သော စစ်​ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသည် သေနတ် ၄ လက်ယူဆောင်လာ၍ ကော်ဘရာစစ်ကြောင်းထံ လက်နက်ချအလင်း ဝင်လာ၍ ဂုဏ်ပြု​ငွေ​ပေးအပ်ခဲ့သည်။
  • မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် TNLA တပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွား ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

  • သံတွဲမြို့​ပေါ်ရှိ ​စေတီဘုရားများတွင် အကာကွယ်ယူ၍ အထိုင်ချ​သောစစ်​​ကောင်စီတပ်သည် လက်နက်ကြီးများနှင့် သံတွဲမြို့ လူ​နေရပ်ကွက်များထံ ပစ်ခတ်​နေ​သဖြင့် သုံးရက်အတွင်း အရပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီတပ်က လူနာတင်ယာဥ်တစ်စီးအားပစ်ခတ်ခဲ့ရာ ယာဥ်ပေါ်ပါ ဆရာတော်တော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများက ပြောသည်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံသူဌေးများအား ပြန်ပေးဆွဲ ငွေတောင်းနေသည့် တပ်မ(၉၉)မှ ဗိုလ်မှူးဟန်ဇင်စိုး၊ဗိုလ်ကြီးကျော်သူအောင်၊ဗိုလ်ချမ်းမြေ့လင်းနှင့် ဗိုလ်မျိုးညီညီထွန်း တို့ကို ကောင်းမှုလွယ်ရပ်ကွက်၊ အိမ်အမှတ်(၁၂၇)တွင် ဇွန်လ ၁၈ရက်က ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။
  • မြန်မာ – တရုတ်နှစ်နိုင်ငံ အရပ်ဖက်အဖွဲ့အစည်းများမှ ဦးစီးကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေ ထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကို အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ဇွန်လ (၂၀) ရက်တွင် ကျင်းပခဲ့သည်။
  • အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ကျင်းပမည့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) သို့ တက်ရောက်ရန် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် အီရန်နိုင်ငံသို့ ဇွန် (၂၁) ရက်တွင် ထွက်ခွာသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
  • ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးစာရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ပါရီမြို့၊ မြန်မာသံရုံးမှ ခွင့်မဲ့ပျက်ကွက်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဇွန် ၂၃ ရက် သုံးသပ်ချက်

  • နိုင်ငံအာဏာကို မတရားလုယူထားသည့် မင်းအောင်လှိုင်တို့ စစ်အုပ်စုသည် သူခိုးဓားပြဂိုဏ်းသာသာ အဆင့်သာရှိသည်ဆိုသည့်အချက်မှာ တဖြေးဖြေး ရုပ်လုံးပေါ်လာသည်။ယခင်ကတည်းက စစ်ဗိုလ်စစ်သားတို့သည် တိုင်းရင်းသားဒေသများတွင် ခိုးဆိုးလုယက် မုဒိမ်းမှုများ ကျူးလွန့်လေ့ရှိပြီး ယခုလည်း ဗိုလ်မှူးအဆင့်ကစ၍  မြို့ပေါ်များတွင်ပါ ဓားပြတိုက်မှု ပြုလုပ်လာသည်။