လေကြောင်းတိုက်ခိုက်မှုအောက် တိတ်ဆိတ်သွားတဲ့ ငွေတောင်ပြည်က စာအံသံ(ရုပ်သံသတင်း)
ရွှေနွယ် စစ်အာဏာရှင်ထိန်းချုပ်မှုအောက် အခြေအနေဆိုးရွားနေတဲ့ မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ယမန်နေ့က တံခါးပိတ်ဆွေးနွေးနေခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တနေရာက စာသင်ကျောင်းနှစ်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ စာသင်နေတဲ့ကလေးငယ်တွေ သွေးမြေကျခဲ့ကြရပြန်ပါတယ်။ လေယာဉ်တစီးကောင်းကင်ကဖြတ်ပျံသွားရင် ကလေးငယ်တွေဟာ ပျော်ရွင်စွာနဲ့ အော်ဟစ်လက်ပြနှုတ်ဆက်ရင်းငေးမောကြည့်စရာဖြစ်ပေမယ့်…