မန္တလေးတွင် နိုင်ငံကူးလက်မှတ်ရရန် ရုံးဝန်ထမ်းနှင့်ပွဲစားကို အမြန်ကြေး ကျပ် ၁၀သိန်းအထိပေးရ

ဓာတ်ပုံ – ရန်ကုန် နိုင်ငံကူး လက်မှတ်ရုံးအတွင်း တန်းစီ စောင့်ဆိုင်း နေကြသူများကို တွေ့ရစဉ်။ ကီရာ (မဇ္ဈိမ)။ ။မန္တလေးမြို့တွင် နိုင်ငံကူးလက်မှတ်ရရန် နိုင်ငံကူးလက်မှတ်ရုံးရှိဝန်ထမ်းနှင့် ပွဲစားများကို အမြန်ကြေး ကျပ် ၁,၀၀၀,၀၀၀ (၁၀သိန်း)အထိ ပေးဆောင်နေရကြောင်း…

မန္တလေးမှာ ညဘက်အိမ်ပြန်လာသူ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ ဆေးရုံရောက်နေဟုဆို

မန္တလေးမှာ စစ်အုပ်စုက ညအချိန် လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးပြီး မထင်ရင်မထင်သလို ပစ်ခတ်ဖမ်းဆီးနေဟုဆို/Photo CJ 007(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင်၊ ညအချိန် ဆိုင်ကယ်ဖြင့်အိမ်ပြန်လာသည့်လူငယ်နှစ်ဦးကို စစ်တပ်စစ်ဆေးရေးအဖွဲ့က သေနတ်ဖြင့်လိုက်လံပစ်ခတ်ရ၊ နှစ်ဦးစလုံးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်တခု ဒီဇင်ဘာလ ၂ ရက်နေ့ညက…

မန္တလေးတွင် ၃နေရာ ပေါက်ကွဲမှုဖြစ်ပွား

008(မဇ္ဈိမ)။ ။ မန္တလေးမြို့တွင် ယနေ့ နိုဝင်ဘာ ၂၈ရက်နံနက်ပိုင်း၌ စစ်​ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် နေရာ သုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယနေ့ နံနက် ၆နာရီခန့်တွင် အမရပူရမြို့နယ်၊အိုးတော်ရပ်ကွက်ရုံးနှင့်ကန်တော်ကြီး မီးပွိုင့်တို့၌ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နံနက် ၇နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။…

မန္တလေး ကျုံးဘေးပတ်လည်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်

မန္တလေးကျုံးမြောက်ဘက်ခြမ်းအား ယနေ့တွေ့ရစဥ်။ 007 (မဇ္စျိမ)။ ။မန္တလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အထိုင်ချထားသည့် နန်းတွင်း‌အနီးရှိ ကျုံးဘေးပတ်လည် တွင် လုံခြုံရေးတိုးမြှင့်ချထားလာသည်ဟု ဒေသခံများထံမှ သိရသည်။ “ခံစစ်ကို သေသေချာချာပြင်ဆင်နေတဲ့ အနေအထားတွေ့ရတယ်။ ကျုံးဘေးပတ်လည်မှာ အရင်လို တဖွဲ့ နှစ်ဖွဲ့ မဟုတ်တော့ဘူး၊…

ပြည်ကြီးတံခွန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်

008 မဇ္ဈိမ။ ။မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၅ လမ်း၊ ၆၀-၆၂ လမ်းကြား၊ (စျ)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်က…

မန္တလေးမြို့အ၀င်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်၊ ဌာနဆိုင်ရာများကို စစ်အင်အားတိုးချဲ့ချထား ဟုဆို

မြို့အဝင်ဂိတ်များတွင်လုံခြုံရေးတင်းကျပ်ထားပြီး၊ မြို့တွင်းဌာနဆိုင်ရာရုံးများတွင် အကာအရံများထပ်တိုးချထား။ 007 မဇ္စျိမ။ ။ မန္တလေးမြို့တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးကြေညာလိုက်ပြီးနောက်၊ မန္တလေးမြို့အ၀င်ဂိတ်များအား စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ချထားသည်ကိုတွေ့ရကြောင်း ဒေသခံများထံက သိရသည်။ “အတင်းကျပ်ဆုံး(နေရာ)ကတော့ ရွှေကျင်ဂိတ်ပဲ၊ မတ္တရာဘက်က အ၀င်ဂိတ်ဆိုတော့ တအားတင်းကျပ်ထားတာတွေ့ခဲ့ရတယ်”…

မန္တလေးကိုသိမ်းပိုက်မည့် ရွှေပြည်စိုးစစ်ဆင်ရေးစတင်ပြီဟု မန္တလေး PDF ကြေညာ

စစ်ဆင်ရေးစတင်ကြောင်း စစ်ကောင်စီ၏နေရာနှစ်ခုကို ဒရုန်းဖြင့်တိုက်ခိုက်ပြီး တောင်သမန်ပတ်လမ်းတွင် PDF အလံတော်စိုက်ထူခဲ့သည် Photo PDF MDY 007 (မဇ္စျိမ)။ ။မန္တလေးမြို့ကိုသိမ်းပိုက်မည့် ရွှေပြည်စိုးစစ်ဆင်ရေး ယနေ့စတင်ပြီဖြစ်ကြောင်း မန္တလေး PDF က ကြေညာချက်ထုတ်ပြန်သည်။ ယနေ့ နိုဝင်ဘာလ…

မန္တလေးမြို့တွင် ဓာတ်ဆီ 95 ၀ယ်ရခက်နေဟုဆို

မန္တလေးကစက်သုံးဆီဆိုင်တချို့အား ယနေ့နေ့လယ်ပိုင်းတွေ့ရစဥ် 007 (မဇ္စျိမ)။ ။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ဓာတ်ဆီ 95 ၀ယ်ရခက်နေပြီး စျေးလည်းပုံမှန်ထက် ၁၀၀ ကျပ်ခန့်တက်သွားကြောင်း မြို့ခံများထံမှ သိရသည်။ “95 ပြတ်နေတာပါ၊ ဆိုင်ကြီးတွေမှာတောင် ၀ယ်မရဘူး၊ ဆီစျေးတက်တာတို့…

ရှမ်းမြောက်က စစ်သည်များအတွက်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးက လုပ်ငန်းရှင်များထံမှ စစ်ကောင်စီအလှူခံ

photo-စစ်ကောင်စီ 007 (မဇ္စျိမ) ။ ။တွေ့ဆုံလိုကြောင်း ကမ်းလှမ်းမှုကြောင့်သွားရောက်တွေ့ဆုံစဉ် စစ်တိုင်းမှူးကရှမ်းပြည်နယ်မြောက်ပိုင်းဒေသရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွက် အလှူခံ၍ ငွေလှူခဲ့ရကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်အချို့ကပြောသည်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်က ယင်းဌာနချုပ်ရှိရန်အောင်မြင်ခန်းမနှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမတွင်နို၀င်ဘာလ ၁ ရက်နှင့်နို၀င်ဘာလ…

မဟာမိတ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေချိန် မန္တလေးမှာ အစစ်အဆေးကြမ်း

မန္တလေးမြို့အား စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားစဥ်(ပုံဟောင်းဖြစ်ပါသည်) 007 (မဇ္စျိမ) ။ ။ ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများကြောင့် မန္တလေးမြို့တွင် လုံခြုံရေးထူထပ်စွာချထားသည်ကိုတွေ့ရပြီး၊ ပုံမှန်ထက်လည်းအစစ်အဆေးကြမ်းနေကြောင်း ဒေသခံများထံကသိရသည်။ “မြို့ပတ်လမ်းတွေမှာ လုံခြုံရေးပိုကျပ်ထားတာတွေ့ရတယ်၊ ဆိုင်ကယ်တွေကို ပိုက်စိပ်တိုက်စစ်တာတွေ့ခဲ့ရတယ်၊ ကင်းပုန်း၀ပ်ကင်းတွေမှာ အရပ်၀တ်တွေလည်းပါတယ်၊…