NLD အစိုးရလက်ထက် ကချင်ဝန်ကြီး ၂ဦးနှင့် KBCဥက္ကဋ္ဌဟောင်း လွတ်ငြိမ်းဖြင့်ပြန်လွတ်

ဂျူချန်း၊အဂမ်မဇ္ဈိမ။ ။စစ်ကောင်စီ၏ ယနေ့လွတ်ငြိမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးဇော်ဝင်းနှင့်အတူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန်တို့ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။မြစ်ကြီးနားအကျဉ်းထောင်၌ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ဦးနေဝင်း၊ ဦးဇော်ဝင်းနှင့် ဒေါက်တာခလမ်ဆန်ဆွန်တို့ ပြန်လည်လွတ်မြောက်လာခြင်းဟု NLD အစိုးရလက်ထက်ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတဦးက ပြောသည်။၎င်းက ”…