စလင်းမြို့နယ် လင်းဇင်းရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ပုံအညွန်း - လင်းဇင်းရဲစခန်းကို တိုက်ခိုက်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ ရစဉ်

MTO
မဇ္ဈိမ။ ။မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းထံမှ သိရသည်။
မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ တနာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း မင်းဘူးခရိုင်တပ်ရင်း(၅)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပထမနာရီဝက်အတွင်းမှာ ကျနော်တို့ဘက်က ပစ်အားသာနေခဲ့ပါတယ်။ နောက်ပိုင်း စခန်းဝန်းအတွင်း ဝင်ပစ်တဲ့အချိန်မှာ ရဲဘော်နှစ်ဦးကျည်ထိမှန်ခဲ့လို့ တိုက်ပွဲအရှိန်ကိုပြန်ထိမ်းထားခဲ့ရပါတယ်။ တိုက်ပွဲထဲမှာ ရဲဘော်တွေမျက်မြင်အရ ကျနော်တို့ဘက်ကပစ်တဲ့တာထိပြီး လဲကျသွားခဲ့တာ ၁၅ ယောက်ထက် မနည်း ပါပဲ” ဟု ၎င်းကပြောသည်။
လင်းဇင်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်နေချိန်တွင် ခလ၇ (၂၅၃)၊ (၂၅၄)၊ (၂၅၅)တို့မှ စစ်ကူလာ သည့် စစ်ကောင်စီယာဉ်တန်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း မင်းဘူး ခရိုင်တပ်ရင်း(၅)မှ တာဝန်ရှိသူက ဆိုသည်။
“မိုင်းဆွဲလိုက်တာ ခန့်မှန်းချေ ၂၀ လောက်ထိပြီး ခုနစ်ယောက်သေကြောင်း သတင်းအတိအကျရတယ်” ဟု ပြောသည်။
လင်းဇင်းရဲစခန်းသည် ရဲတပ်ဖွဲ့ဝင်များအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ပူးပေါင်းအ ထိုင်ချထားသည့်စခန်းဖြစ်ပြီး နံနက် ၆ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီတပ်မှစစ်ကူများရောက်ရှိလာ သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊ အမှတ်(၁)တပ်ရင်း၊ အမှတ်(၄)တပ်ရင်း၊ စလင်းမြို့ နယ် ပကဖ ၊ GZ ARMY ၊ MLDC ၊ SLN( PDF ) ၊ ဒေါင်းစစ်အောင် Local( PDF )နှင့် မိုးကြိုးပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ