အိန္ဒိယဘက်မှ ကုန်သွယ်ရေးလမ်းကြောင်းဆက်ပိတ်ထားပါက ပလက်ဝဒေသ အငတ်ဘေးကြုံနိုင်ဟုဆို

လောင်တလိုင်မြို့တွင်စက်သုံးဆီများသယ်ဆောင်လာသည်ကိုမြင် ရစဥ်(ပုံဟောင်း)ဓါတ်ပုံ – လိုင်ရမ်းတိုင်းမ်း ပါခွီး (မဇ္စျိမ) ။ ။အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှကုန်သွယ်ရေးလမ်းကြောင်းပိတ်ထားသောကြောင့် ရေရှည်တွင် ပလက်ဝဒေသခံများ အငတ်ဘေးဆိုက်သည်အထိ အခက်ကြုံနိုင်ကြောင်း ပလက်ဝမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆလိုင်းမျိုးထိုက်က မဇ္စျိမကိုပြောသည်။ “ပိတ်ရင်ပိုဆိုးဖို့ပဲရှိတယ်။ မြို့နယ်အတွင်းအငတ်ဘေးကြုံရနိုင်ပါတယ်။ ခုလည်း တချို့ပြည်သူတွေအငတ်ဘေး ကြုံနေရပါပြီ။…