ပဟေဠိသဖွယ် ပျောက်ဆုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

၀၀၁ ရေးသားသည်။ တရားခွင်နဲ့တူအောင် ပြင်ဆင်ထားတဲ့ အခန်းငယ်တခုမှာ ထိုင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက နောက်ဆုံးတခေါက် မြင်တွေ့ခဲ့ရတာဟာ စစ်အာဏာသိမ်းပြီးနောက် လေးလနီးပါး အကြာမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီဝန်းထဲမှာရှိတဲ့ အဲဒီတရားခွင်မှာ နိုင်ငံ့ခေါင်းဆောင်တွေကို ပထမဆုံး လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး…