ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအကြား အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး အင်ဒိုနီးရှားတွင် ကျင်းပ

Photo: EPA ဂါဇာတွင် ချက်ချင်း အပစ်အခတ်ရပ်စဲရေးနှင့် မြန်မာအကျပ်အတည်းအပေါ် ခိုင်မြဲသည့် ဖြေရှင်းနည်းလမ်းတခုအတွက် တွန်းအားပေးလုပ်ဆောင်ရေးကို အာဆီယံကာကွယ်ရေးဝန်ကြီးများက နိုဝင်ဘာ ၁၅ ရက် ဂျကာတာတွင် ကျင်းပသည့် ဒေသတွင်းအစည်းအဝေးတခု၏ ဖွင့်ပွဲအတွင်း တိုက်တွန်းတောင်းဆိုသည်။ အာဆီယံအုပ်စုမှ ကာကွယ်ရေးဝန်ကြီးများသည်…

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာမှ ထိုင်းနှင့် တရုတ်သို့ ဓာတ်ငွေ့တင်ပို့မှုအတွက် အကျပ်အတည်းဖြစ်ပေါ်စေ

စစ်ကောင်စီ၏ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းက မြန်မာမှ ဓာတ်ငွေ့ကို ဝယ်ယူသည့် ထိုင်းနှင့် တရုတ်၏ သမားရိုးကျ ဘဏ်လုပ်ငန်းစနစ်များမှတဆင့် ငွေပေးချေမှုများ ပြုလုပ်နိုင်စွမ်းအပေါ် အကြီးအကျယ် ထိခိုက်စေနိုင်ပြီး…