သရက်ချောင်းမြို့ ပဲဒက်စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ အရာရှိအပါအဝင် ၂၃ဦး အရှင်ဖမ်းမိ

ယနေ့(မေလ ၈ရက်)နံနက်က သရက်ချောင်းမြို့၊ပဲဒက်စခန်းသိမ်းတိုက်ပွဲ၌ ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-SSA) (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာမှ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကယနေ့(မေလ ၈ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂၃ဦး အရှင်ဖမ်းမိထားကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ မြိတ်-ထားဝယ်ကားလမ်းဘေးရှိ ပဲဒက်စခန်းကုန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့များကမေလ ၅ရက်နံနက်မှစတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။…

မောထာ့စခန်းကိုပူးပေါင်းတပ်တိုက််ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်ထွက်ပြေး

ပုံအညွှန်း- မောထာ့စခန်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲ၊ ယမ်းများ (ဓါတ်ပုံ- လူမှုကွန်ရက်) YT (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ မောထာ့စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ…