ဒေးဒရဲတွင် စစ်ကောင်စီသတင်းပေးဟုနာမည်ကြီးနေသူ ကာကွယ်ရေးတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ၌ သေဆုံး

ဒေးဒရဲတွင် စစ်ကောင်စီသတင်းပေးဟုနာမည်ကြီးနေသူ ကာကွယ်ရေးတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ၌ သေဆုံး

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူတဦး စက်တင်ဘာ လ ၃၀ ရက်နေ့ ည ၉ နာရီခန့်က သေနတ်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ဒေးဒရဲမြို့ပေါ်နေ ပျူစောထီးခေါင်းဆောင် ဦးကျော်စိုးဆိုသူဖြစ်ပြီး အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းအတိုင်းကင်းလှည့်နေစဥ် ဒေသကာကွယ်ရေးအဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ် ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။

“ကင်းလှည့်နေစဉ် တော်လှန်ရေးရဲဘော်များအားတွေ့သဖြင့် စစ်သားများခေါ်လာပြီး အပြန်အလှန်ပစ် ခတ်မှုဖြစ်၍ စစ်ကောင်စီထောက်တိုင် ကျော်စိုး နေရာတွင်သေဆုံးကာ ပျူစောထီးတဦးနှင့် စစ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်” ဟု ပစ်ခတ်မှုကိုပြုလုပ်ခဲ့သည့် ဒေးဒရဲ(ပကဖ)က ထုတ်ပြန်ထားသည်။

ဦးကျော်စိုးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့်ပေါင်းကာ ပျူစောထီးခေါင်းဆောင်လုပ် နေသူဖြစ်ပြီး ပြည်သူလူထုအား နည်းမျိုးစုံဖိနှိပ်ဒုက္ခပေးနေသူဖြစ်ကြောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များ၊ သပိတ်ဦးဆောင်သူများနှင့် တော်လှန်ရေးအင်အားစုများ၏ နေရာများအား အတိအကျသတင်းပေး ကာ ဖမ်းဆီးခိုင်းခြင်းများကိုပြုလုပ်ခဲ့သူဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပကဖကထုတ်ပြန် သည်။

၎င်းသည် မြို့ပေါ်မှ ကြံ့ခိုင်ရေးပါတီထောက်ခံသူများ၊ ပျူစောထီးများနှင့်ပူးပေါင်းကာ ဓားမင်းသားအဖွဲ့ကို ဖွဲ့စည်းထားပြီး မြို့ပေါ်ရပ်ကွက်များအတွင်း ဓားကိုင်ကာ ညစဥ်ကင်းပတ်ခိုင်းနေသူဖြစ်သည်ဟု ဒေးဒရဲ (ပကဖ)ကဆိုသည်။

“ကျော်စိုးက မြို့ကိုတော်တော်ဒုက္ခပေးတဲ့လူပါ။ မြို့ပေါ်ကလူတွေဆီကနေ ခဏခဏ ပိုက်ဆံတောင်းတာ၊ ရဲကိုလက်တို့ပြီးဖမ်းခိုင်းတာတွေကို အာဏာသိမ်းပြီးတည်းက လုပ်နေတာပါ။ အခုလိုဖြစ်သွားတော့ မြို့ အတွက် ကောင်းသွားတာပေါ့ ” ဟု ဒေးဒရဲမြို့ခံတဦးက ပြောသည်။

ဦးကျော်စိုးရှင်းလင်းခံရသည့်ဖြစ်ရပ်ကြောင့် ဒေးဒရဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ ခြေ ရှုပ်နေကြောင်းသိရပြီး ယခင်ကထက် လုံခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဒေးဒရဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူလူထုအားဖိနှိပ်ခြင်း၊ ဒုက္ခပေးခြင်း များမပြုလုပ်ရန်နှင့် ဆောင်ရွက်နေပါက ဆက်လက်တိုက်ခိုက်သွားမည်ဟု ဒေးဒရဲ(ပကဖ)ကထုတ်ပြန် ကြေညာထားသည်။

စာတည်း။ ။စောဖေ