နယူးဒေလီတွင် မြန်မာအရေးသတင်းစာရှင်းလင်းပွဲကျင်းပ

ပုံအညွှန်း ။ ။ ယနေ့ မတ်လ၁၉ရက်နေ့တွင် နယူးဒေလီမြို့မှာ ကျင်းပသည့် မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲဲမြင်ကွင်း ဓာတ်ပုံ။ ။ Mizzima

(မဇ္စျိမ)။               ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ တောင်အာရှနိုင်ငံခြားသား သတင်းထောက် ကလပ်တွင်  “နိုင်ငံ၏ နယ်မြေ ၄၃ ရာခိုင်နှုန်း ကို တော်လှန်သူများက ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံတွင် ဘာဆက်ဖြစ်မည်လဲ” ခေါင်းစဥ်ဖြင့် သတင်းစာရှင်းလင်းပွဲကို ယနေ့  မေလ ၁၉ ရက် ၆ နာရီ တွင်  ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင်  မစ္စ Simran Sodhi  က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ကလပ်၏ ဥက္ကဋ္ဌဖြစ်သူ S ,Venkat Narayan ကအဖွင့်အမှာစကားပြောကြားပြီး ဖွင့်လှစ် ခဲ့သည်။

ထို့နောက် မဇ္စျိမ သတင်းမီဒီယာ မှ အယ်ဒီတာချုပ် ဦးစိုးမြင့် ၊ နယူးဒေလီမြို့တွင် ခိုလှုံခွင့်တောင်းခံထား သည့် မြန်မာနိုင်ငံသူ မစင်သီယာ ၊ Centre for Policy Research မှ Angshuman Choudhury တို့ က မြန်မာပြည်အရေးကို ဆွေးနွေးကြမည်ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲကို ဒေသခံ အိန္ဒိယသတင်းထောက်များနှင့် နိုင်ငံခြားသား သတင်းထောက် ၃၀ ကျော် တက်ရောက်နေကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး