လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ကိုရွှေမြိတ်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုကို စစ်ကောင်စီ၏ စစ်တပ်ပိုင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထုတရပ်လုံး ဆန့်ကျင်သပိတ်မှောက်ကြရန် တိုက်တွန်းလှုံ့ဆော်သည့်အနေဖြင့် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာတည်ဆောက်” ဆိုသည့် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။