ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ထိုင်းနိုင်ငံကို သွားရောက်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ထိုင်းနိုင်ငံကို သွားရောက်

ဓာတ်ပုံ − မစ္စတာ ဖိလစ်ပို ဂရန်ဒီ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဖိလစ်ပို ဂရန်ဒီ သည် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ထိုင်းနိုင်ငံသို့ ခရီးစဉ် လာရောက်ရန် စီစဉ်ထားသည်။

ခရီးစဉ် တစိတ်တပိုင်းအဖြစ် မစ္စတာ ဂရန်ဒီ သည် အောက်တိုဘာ ၁၇ ရက်တွင် ဘန်ကောက်မြို့၌ ရိုဟင်ဂျာ ဒုက္ခသည်များအရေး အဆင့်မြင့်လယ်ဗယ် ဒေသတွင်း အစည်းအဝေးတရပ်ကို ဖွင့်လှစ်ပေးမည် ဖြစ်သည်။ ဒီဇင်ဘာတွင် ဂျီနီဗာ၌ ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည် ဖိုရမ် (GRF) မတိုင်မီ ယခု တံခါးပိတ် အစည်းအဝေးတွင် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်နှင့် ၎င်းတို့ကို လက်ခံနေရာပေးထားသည့် အစုအဖွဲ့များအတွက် နိုင်ငံတကာ အကူအညီ အထောက်အပံ့ ရရေး ကြိုးပမ်းမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၊ ယူကေ၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ အငယ်တန်းဝန်ကြီးနှင့် အမေရိကန်၏ လူဦးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်မှုဌာန လက်ထောက်ဝန်ကြီးတို့က အဆိုပါ အဆင့်မြင့်လယ်ဗယ် အစည်းအဝေး တက်ရောက်မည့်သူများထဲတွင် ပါဝင်မည် ဖြစ်သည်။

အဆင့်မြင့်လယ်ဗယ် အစည်းအဝေးနှင့် စပ်လျဉ်းပြီး မစ္စတာ ဂရန်ဒီက အောက်တိုဘာ ၁၇ ရက် ဘန်ကောက် စံတော်ချိန် မနက် ၁၀ နာရီ ခွဲတွင် သတင်းမီဒီယာများကို ရှင်းလင်းပြောကြားသည့် အစီအစဉ်တခု ပြုလုပ်သွားမည် ဖြစ်သည်။