ရွှေကူတိုက်ပွဲတွင် စစ်ကောင်စီစခန်း စီးနင်းခံရခြင်းမရှိဟု သတင်းအမှားဖြန့်

ရွှေကူတိုက်ပွဲတွင် စစ်ကောင်စီစခန်း စီးနင်းခံရခြင်းမရှိဟု သတင်းအမှားဖြန့်

JC (မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ် မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ စခန်းအတွင်းသို့ပင် ဝင်ရောက်နိုင်ခြင်းမရှိကြောင်း စစ်ကောင်စီထောက်ခံသူများမှ ဖြန့်ဝေထားသည်။ ယင်းမှာ မှားယွင်းနေသည်။

“စခန်းတစ်ခုမှမသိမ်းနိုင်ပါဘူး။ စခန်းထဲတောင်မဝင်နိုင်တာလိုမြေပြင်သိရပါတယ်၊ ခြောက်ဦးကတော့ မစိုးရိမ်ရဒဏ်ရာတော့ရတယ်. . .ကချင်ပြည်နယ်၊ရွှေကူမြိုနယ် တိုက်ပွဲ” (မူရင်းအရေးအသားအတိုင်း)ဟု ဆိုကာ Thruth Media တယ်လီဂရမ်ချန်နယ်တွင် အောက်တိုဘာ ၁၈ ရက်နေ့က ဓာတ်ပုံတပုံနှင့်အတူ ဖော်ပြထားသည်။ ယင်းအကြောင်းအရာကို အခြားချန်နယ်များမှလည်း ထပ်ဆင့်ဖြန့်ဝေထားကြပြီး တယ်လီဂရမ်တွင် ကြည့်ရှုသူ ၁၀,၀၀၀ ကျော်ရှိပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းကို အချက်အလက်စိစစ်ခဲ့ရာတွင် စစ်ကောင်စီ ထောက်ခံသူများမှ ဝါဒဖြန့်ထားသည့် သတင်းမှားသာဖြစ်ကြောင်း တွေ့ရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေကူ-ဗန်းမော်လမ်းဘေးမှ ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ဆက်သွယ်တပ်စခန်းတခုအား KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သားခြောက်ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ ကြောင်း မြေပြင်မှကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။
လင့် https://bit.ly/3Q4rQKH

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ငါးဘတ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီဆက်သွယ်ရေး တပ်စခန်းအား KIA ၊ PDF ပူးပေါင်းအဖွဲ့မှ စီးနင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း People Defense Force – ShweGu မှ ဓာတ်ပုံများဖြင့် ထုတ်ပြန်ထားသည်။
လင့် https://bit.ly/45yEPKg

ငါးဘတ်ကြီးတိုက်ပွဲမှ ရုပ်သံဖိုင်တခုလည်း လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီး ဒေသတွင်းသတင်း မီဒီယာဖြစ် သည့် Kachin News Group မှလည်း ထိုအကြောင်းကို သတင်းဖော်ပြထားသည်။
လင့် https://bit.ly/3tMZAV9

အလားတူ အခြား လွတ်လပ်သည့်သတင်းဌာနများဖြစ်သော Myanmar Now ၊ RFA Burmese ၊ The Irrawaddy-Burmese တို့မှလည်း ရွှေကူမြို့နယ် ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေး တပ်စခန်း သိမ်းပိုက်ခံရကြောင်းကို ဓာတ်ပုံ၊ ရုပ်သံများနှင့်တကွ သတင်းဖော်ပြခဲ့ကြသည်။

လင့် https://bit.ly/3QqfSwn
လင့် https://bit.ly/46ztuuE
လင့် https://bit.ly/3FrlEHu

ငါးဘတ်ကြီးကျေးရွာအနီးမှ စစ်ကောင်စီတပ်စခန်းကို စီးနင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ၏ လေ ကြောင်းနှင့် မြေပြင်စစ်ကူများလာသဖြင့် တပ်ပြန်ဆုတ်ခဲ့ရသောလ်လည်း စခန်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့ သည်မှာ အမှန်ပင်ဖြစ်ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို အောက်တိုဘာလ ၁၈ ရက် နေ့က အတည်ပြုပြောကြားထားသည်။
လင့် https://bit.ly/48XzhM9

ထို့ကြောင့် ရွှေကူတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်စခန်းကို စီးနင်းတိုက်ခိုက်နိုင် ခြင်းမရှိသကဲ့သို့ စခန်းတွင်းသို့ဝင်ရောက်နိုင်ခြင်းပင်မရှိဆိုသည်မှာ မှားယွင်းနေပြီး စစ်ကောင်စီထောက် ခံသူများက ဝါဒဖြန့်ထားသည့် သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ