ခရီးသည်တင် ယာဥ် ချောက်ထဲကျ၍ ကလေးငယ် အပါ ၉ဦး ဒဏ်ရာရ

ခရီးသည်တင် ယာဥ် ချောက်ထဲကျ၍ ကလေးငယ် အပါ ၉ဦး ဒဏ်ရာရ

ယာဉ်တိုက်မှု ဖြစ်ပွားစဉ်(ဓာတ်ပုံ-စေတနာမွန် လူမှုကူညီရေး(အုန်းချော))

၀၀၈ (မဇ္ဈိမ)။ ။ ပခုက္ကူ၊ မန္တလေး၊ ပြင်ဦးလွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်တစီး ယနေ့ အောက်တိုဘာ ၂၂ရက် နံနက် ၂နာရီက မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းတွင် ချောက်ထဲထိုးကျသွား
ရာ ကလေးငယ်တဦး အပါအဝင် ကိုးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
မန္တလေးတိုင်း၊ မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၈/၁မိုင်တွင် ကားဘရိတ်ပေါက်ပြီး ပေ ၅၀ခန့်နက်သည့် ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်ပြီး ကလေးတဦးအပါအဝင် အမျိုးသား နှစ်ဦး၊အမျိုးသမီး ခုနစ်ဦးတို့ထိခိုက်ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်။
“သေတာတော့မရှိပါဘူး။ကျွန်တော်တို့လည်း သိတာနဲ့ ကယ်ဆယ်ရေးတန်းထွက်၊ ဒဏ်ရာရတဲ့သူတွေကို အပေါ်တင်ပြီး လိုအပ်တာတွေ ပြုစုပေးတယ်။ထိုးကျသွားတဲ့ကားက အန်စာတုန်းကားပါ”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တဦးကပြောသည်။
ဒဏ်ရာရရှိသူများကို ပရဟိတ လူနာတင်ယာဥ်‌‌ေလး စီးဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။


စာတည်း။ ။အောင်ကျော်ဖြိုး

အညွှန်း – စေတနာမွန် လူမှုကူညီရေး(အုန်းချော)