တော်လှန်ရေးနယ်မြေများတွင် ရိုက်ကူးထားသည့် ဓာတ်ပုံပြပွဲ ချင်းမိုင်တွင် ပြုလုပ်

တော်လှန်ရေးနယ်မြေများတွင် ရိုက်ကူးထားသည့် ဓာတ်ပုံပြပွဲ ချင်းမိုင်တွင် ပြုလုပ်

မိုးသောက်။ ။မဲဆောက်(မဇ္ဈိမ)။ ။မြန်မာနိုင်ငံက ဓာတ်ပုံသတင်းထောက်များ ရိုက်ကူးထားသည့် ဓာတ်ပုံများကိုပြသသည့် “Seen Photo Exhibition” ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပလျက်ရှိနေသည်။

The roots က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ချင်းမိုင်မြို့တွင်ရှိသည့် Green Houseတွင် နိုဝင်ဘာလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိကျင်းပသွားကြမည်ဖြစ်သည်။

ပြပွဲတွင် ပါဝင်တဦးက “ အာဏာသိမ်းပြီးနောက်ပိုင်းမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ မြေပြင်မှာ လှုပ်ရှားနေတဲ့ ဓာတ်ပုံသတင်းထောက်တွေစုပေါင်းပြီးတော့ ပြပွဲလုပ်ဖြစ်တာ” ဟု ပြောသည်။

ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ BPLAနှင့် အညာဒေသများတွင် ရိုက်ကူးထားသည့် ဓာတ်ပုံစုစုပေါင်း ၄၂ ပုံကို ပြသခြင်းဖြစ်သည်။

တော်လှန်ရေးကာလလှုပ်ရှားမှုများ၊ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ နှင့်မီးရှို့ဖျက်ဆီးမှုများကို မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများ ပါဝင်သည်။ ပြပွဲတွင်ရရှိသည့် အကျိုးအမြတ်များကို ပါဝင်သည့် ဓာတ်ပုံသတင်းထောက်များထံသို့ အချိုးကျပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)