US State Department, USAID နှင့် မြန်မာတိုင်းရင်းသား ခေါင်းဆောင် တချို့ တွေ့ဆုံ

US State Department, USAID နှင့် မြန်မာတိုင်းရင်းသား ခေါင်းဆောင် တချို့ တွေ့ဆုံ

မဇ္ဈိမ။ ။အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ State Department ရုံးတွင် US State Department မှ တာဝန်ရှိသူများ၊ USAID မှ အရာရှိများနှင့် မြန်မာတိုင်းရင်းသား ခေါင်းဆောင်တချို့ နိုဝင်ဘာ ၁ ရက်နေ့၌ တွေ့ဆုံဆွေး‌‌နွေးခဲ့ကြကြောင်းသိရသည်။

ထိုတွေ့ဆုံပွဲသို့ တိုင်းရင်းသားခေါင်း‌ဆောင်များမှ ကချင်အဖွဲအစည်းကိုယ်စား M Tu Aung, Chin Community of USA, Inc. – D.C Area နှင့် Zomi Federal Union/PDF-Zoland အဖွဲ့အစည်းများကိုယ်စား Pu Dong Khan Khup နှင့် ကရင်နီအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထိုတွေ့ဆုံပွဲတွင် ယခုလက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံအခြေအနေ အရပ်ရပ်နှင့် Humanitarian aid ပေးရန်ကိစ္စ၊ NDAA ကိစ္စများအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)