BREAKING NEWS

အမျိုးအမည်မသိရသေးသော စစ်လေယာဉ်တစင်း ကရင်နီပြည်နယ်တွအင်း ပျက်ကျသွားပြီး လေသူရဲနှစ်ဦး လေထီးခုန်ချမှုဖြစ်

ဓာတ်ပုံ- မဇ္ဈိမ စစ်မြေပြင်သတင်းထောက်

အမျိုးအမည်မသိရသေးသော စစ်လေယာဉ်တစင်း ကရင်နီပြည်နယ်တွအင်း ပျက်ကျသွားပြီး လေသူရဲနှစ်ဦး လေထီးခုန်ချမှုဖြစ်

ယနေ့ (နိုဝင်ဘာ ၁၁ ရက်) ညနေ မြန်မာစံတော်ချိန် ၄း၄၀ တွင်ဖြစ်ပွားခဲ့သည်။ အရေးပေါ်လေထီးဖွင့်ခုန်ချခဲ့သော လေသူရဲနှစ်ဦးအနက် တဦးမှာ ဖရူဆိုမြို့နယ်ထဲကျကာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်များဖြင့် အသည်းအသန်လိုက်လံရှာဖွေလျက်ရှိသည်။ ကျန်တဦးမှာ အခြားနေရာကိုကျသွားသည်ဟု ကနဦးသိရှိရသည်။ ကရင်နီပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ တော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက်ကတည်းကတည်းက ဆင်နွှဲလျက်ရှိသည်။