ရေတပ်သင်္ဘောကျင်းဌာနချုပ်(သီလဝါ)မှတပ်ကြပ်ကြီး ပုလော PDF ထံ ခုံလှုံ

ရေတပ်သင်္ဘောကျင်းဌာနချုပ်(သီလဝါ)မှတပ်ကြပ်ကြီး ပုလော PDF ထံ ခုံလှုံ

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းသို့ စစ်ကောင်စီ၏ သန်လျင်အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌာန ချုပ်(သီလဝါ)မှ တပ်ကြပ်ကြီးတဦး CDM ပြုလုပ် ခိုလှုံလာကြောင်း သိရသည်။

ပုလောဒေသခံတပ်ကြပ်ကြီး အောင်ကျော်မျိုးသည် သန်လျင်အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘော ကျင်းဌာနချုပ်(သီလဝါ)တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က ဒေသခံများနှင့် ချိတ်ဆက်ကာ CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံထံမှ သိရ သည်။

မြိတ်ခရိုင်၊ အမှတ် (၁)တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက“သူက ပုလောဒေသခံ တဦးပါ။ ခွင့်ယူပြီး နေရပ်ပြန်လာတဲ့အချိန်မှာ မိသားစုအပါဝင် ဒေသခံတွေနဲ့ချိတ်ဆက်ပြီး CDM ပြုလုပ် လာတာဖြစ်တယ်”ဟု ပြောသည်။

CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးအောင်ကျော်မျိုးအား မိသားစုနှင့်အတူ လုံခြုံသည့်နေရာသို့ ပို့ဆောင် ထားပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ ဆက် လက် လုပ်ဆောင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းထံ CDM ဝင်ရောက်လာသူ ရဲနှင့် စစ်သား စုစုပေါင်းသုံးဦးရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ