ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်၊ အဆောက်အအုံ ၆၀ကျော်ပျက်စီး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်၊ အဆောက်အအုံ ၆၀ကျော်ပျက်စီး ကိုခင်မောင်(မဇ္စျိမ) ချင်းပြည်နယ် ၊ မတူပီခရိုင် ၊ ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၆၀ကျော် ပျက်စီးသွားကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီထံက သိရသည်။ “လူနေအိမ် ၁၀ လုံးက လုံးလုံးပျက်စီးတယ်။ ဘာသာရေးအဆောက်အအုံ တလုံးလည်း လုံးလုံးပျက်စီးတယ်။ ဘုရားကျောင်းတကျောင်းက မှန်တွေနဲ့ မျက်နှာကျက်တွေပျက်စီးတယ်။ အခြားဘာသာရေးအဆောက်အုံ သုံးလုံးက အမိုး၊ ပြတင်းပေါက်မှန်၊ မျက်နှာကျက်တွေ တော်တော်ပျက်စီးသွားပါတယ်” ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ ထို့အပြင် ပြည်သူ့အဆောက်အအုံများဖြစ်သော ရေဇွာမြို့ တိုက်နယ်ဆေးရုံ၊ ကုတင် ၁၀၀ဆံ့ဆေးရုံ၊ မြန်မာ့စီးပွားရေးဘဏ်၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းဆောင် နှစ်ဆောင် နှင့် လူနေအိမ် ၄၀ကျော်သည် အမိုးအကာများ၊ မျက်နှာကျက်များ ထိမှန်ပျက်စီးသွားသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီထံက သိရသည်။ ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် တပ်စခန်းအသိမ်းမခံရရေးအတွက် နိုဝင်ဘာ ၂၈နှင့် ၂၉ရက်များတွင် လေကြောင်းမှ အကြိမ် ၂၀ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF -Zotung ထံက သိရသည်။ “CDF-Zotung က ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ပြီးမှသာ နေရပ်ပြန်နိုင်မှာပါ တိုက်လေယာဉ် လာမှာကိုလည်း စိုးရိမ်မကင်းဖြစ်နေကြပါသေးတယ်။ ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးဘူး။ အများစုကနီးစပ်ရာရွာတွေမှာလည်းရှိကြပြီ။ အချို့ဆို မီဇိုရမ်နဲ့ အခြားကျေးရွာတွေမှာ နေထိုင်သူတွေလည်းရှိပါတယ် ” ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္စျိမအား ဆက်လက်ပြောသည်။ ရေရွာမြို့နေဒေသခံများသည် ၂၀၂၁ခုနှစ်က ရေရွာမြို့ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားနေစဥ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ထိုအချိန်မှစ၍ ယနေ့ထိ နေရပ်မပြန်နိုင်သူများနှင့် ယခုရေရွာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဒေသခံ ဦးရေ ၂,၀၀၀ကျော်အတွက် ပြန်လည်နေရာ ချထားရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ် ကောင်စီက ဆိုသည်။ ရေဇွာမြို့ စစ်တပ်စခန်းကို “ZZLMSစစ်ဆင်ရေး” အဖွဲ့ဝင်များဖြစ်သော CDF – Zotung ၊ CDF – Zophei ၊ CDF – Lautu ၊ CDF – Mara ၊ CDF – Senthang တပ်ဖွဲ့များနှင့်အတူ ချင်းအမျိုးသားတပ်မတော်(CNA) နှင့် CDF – Matu (တပ်ရင်း-၂)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၃၀ကျော်အရှင်ဖမ်းမိခဲ့ကာ တပ်စခန်းရှိ လက်နက်ခဲယမ်းများ အကုန်သိမ်းဆည်းရရှိခဲ့သည်အပြင် စစ်ဆင်ရေးအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့မှ CDF – Zotung ၊CDF – Mara ၊ CDF – Lautu နှင့် CNA မှ ရဲဘော်တဦးစီ စုစုပေါင်း လေးဦးကျဆုံးကာ ငါးဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်း သိရသည်။ ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါဒါမြို့ကို နိုဝင်ဘာလ ၁၃ရက် နှင့် မတူပီမြို့နယ် လိုင်လင်းပီမြို့ကို နိုဝင်ဘာ၂၄ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင် ရေဇွာမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ပုံအညွှန်း ။ ။ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ရေဇွာမြို့ ​မြင်းကွင်း (ဓာတ်ပုံ- ဇိုတုန်ဖက်ဒရယ်ကောင်စီ) စာတည်း။ ။အောင်ကျော်ဖြိုး ရေဇွာမြို့သိမ်းတိုက်ပွဲ

ပုံအညွှန်း ။ ။ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ရေဇွာမြို့ ​မြင်းကွင်း (ဓာတ်ပုံ- ဇိုတုန်ဖက်ဒရယ်ကောင်စီ)

ကိုခင်မောင်(မဇ္စျိမ)

ချင်းပြည်နယ် ၊ မတူပီခရိုင် ၊ ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၆၀ကျော် ပျက်စီးသွားကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီထံက သိရသည်။

“လူနေအိမ် ၁၀ လုံးက လုံးလုံးပျက်စီးတယ်။ ဘာသာရေးအဆောက်အအုံ တလုံးလည်း လုံးလုံးပျက်စီးတယ်။ ဘုရားကျောင်းတကျောင်းက မှန်တွေနဲ့ မျက်နှာကျက်တွေပျက်စီးတယ်။ အခြားဘာသာရေးအဆောက်အုံ သုံးလုံးက အမိုး၊ ပြတင်းပေါက်မှန်၊ မျက်နှာကျက်တွေ တော်တော်ပျက်စီးသွားပါတယ်” ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ထို့အပြင် ပြည်သူ့အဆောက်အအုံများဖြစ်သော ရေဇွာမြို့ တိုက်နယ်ဆေးရုံ၊ ကုတင် ၁၀၀ဆံ့ဆေးရုံ၊ မြန်မာ့စီးပွားရေးဘဏ်၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းဆောင် နှစ်ဆောင် နှင့် လူနေအိမ် ၄၀ကျော်သည် အမိုးအကာများ၊ မျက်နှာကျက်များ ထိမှန်ပျက်စီးသွားသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီထံက သိရသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် တပ်စခန်းအသိမ်းမခံရရေးအတွက် နိုဝင်ဘာ ၂၈နှင့် ၂၉ရက်များတွင် လေကြောင်းမှ အကြိမ် ၂၀ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF -Zotung ထံက သိရသည်။

“CDF-Zotung က ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ပြီးမှသာ နေရပ်ပြန်နိုင်မှာပါ တိုက်လေယာဉ် လာမှာကိုလည်း စိုးရိမ်မကင်းဖြစ်နေကြပါသေးတယ်။ ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးဘူး။ အများစုကနီးစပ်ရာရွာတွေမှာလည်းရှိကြပြီ။ အချို့ဆို မီဇိုရမ်နဲ့ အခြားကျေးရွာတွေမှာ နေထိုင်သူတွေလည်းရှိပါတယ် ” ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္စျိမအား ဆက်လက်ပြောသည်။

ရေရွာမြို့နေဒေသခံများသည် ၂၀၂၁ခုနှစ်က ရေရွာမြို့ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားနေစဥ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ထိုအချိန်မှစ၍ ယနေ့ထိ နေရပ်မပြန်နိုင်သူများနှင့် ယခုရေရွာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဒေသခံ ဦးရေ ၂,၀၀၀ကျော်အတွက် ပြန်လည်နေရာ ချထားရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ် ကောင်စီက ဆိုသည်။

ရေဇွာမြို့ စစ်တပ်စခန်းကို “ZZLMSစစ်ဆင်ရေး” အဖွဲ့ဝင်များဖြစ်သော CDF – Zotung ၊ CDF – Zophei ၊ CDF – Lautu ၊ CDF – Mara ၊ CDF – Senthang တပ်ဖွဲ့များနှင့်အတူ ချင်းအမျိုးသားတပ်မတော်(CNA) နှင့် CDF – Matu (တပ်ရင်း-၂)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၃၀ကျော်အရှင်ဖမ်းမိခဲ့ကာ တပ်စခန်းရှိ လက်နက်ခဲယမ်းများ အကုန်သိမ်းဆည်းရရှိခဲ့သည်အပြင် စစ်ဆင်ရေးအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့မှ CDF – Zotung ၊CDF – Mara ၊ CDF – Lautu နှင့် CNA မှ ရဲဘော်တဦးစီ စုစုပေါင်း လေးဦးကျဆုံးကာ ငါးဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါဒါမြို့ကို နိုဝင်ဘာလ ၁၃ရက် နှင့် မတူပီမြို့နယ် လိုင်လင်းပီမြို့ကို နိုဝင်ဘာ၂၄ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင် ရေဇွာမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး