နိုဝင်ဘာလထဲမှာ ဘယ်လို သတင်းတုတွေ ပျံ့နှံ့ခဲ့သလဲ

ZZ, JC

(မဇ္ဈိမ) ။ ။မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အရှိန်ကောင်းခဲ့တဲ့အလျှောက် ဒါနဲ့ ပတ်သက်တဲ့ သတင်းတုတွေ၊ သတင်းမှားတွေလည်း အချိန်နဲ့တပြေးညီ ထွက်ပေါ်ခဲ့ပါတယ်။

သတင်းတု/မှားတွေထဲကမှ မဇ္ဈိမကနေ အချက် အလက်တိတိကျကျနဲ့ သတင်းတုဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တဲ့ သတင်းတွေထဲမှာ တိုက်ပွဲနဲ့ပတ်သက် ပြီး ထွက်ပေါ်လာတဲ့ သတင်းတုတွေကို အများဆုံးတွေ့ရပါတယ်။

တိုက်ပွဲသတင်းတွေမှာ အချက်အလက်တိကျမှန်ကန်ဖို့က အရေးကြီးနေပြီးတော့ စစ်ကောင်စီတပ်စခန်း တွေ တခုပြီးတခု တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေကို ပေးလိုက်ရတဲ့အခြေအနေတွေမှာ စစ်ကောင်စီ ထောက်ခံသူတွေက ပုံစံမျိုးစုံနဲ့ သတင်းတုတွေ လုပ်ကြံဖန်တီးနေခဲ့တာပါ။

ဒီနေရာမှာ စစ်ကောင်စီလော်ဘီတွေဘက်ကနေ ဖြန့်ဝေနေကျဖြစ်တဲ့ သတင်းတုတွေတင်မဟုတ်ပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေကို ဦးတည်ပြီးတော့ တိုက်ခိုက်ထားတဲ့ သတင်းတု/မှားတွေ ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။