စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖိအားပေးစေခိုင်းတာတွေရှိနေလို့ မြောက်ခင်ရန်းဒေသခံ ၁၉၁ ဦးနေရပ်စွန့်ခွာထွက်ပြေး


MTO(မဇ္ဈိမ)။ ။ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ မြောက်ခင်ရန်းကျေးရွာက ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံ ၁၉၁ ဦးကို ကူညီထောက်ပံ့ပေးထားတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ က ဒီဇင်ဘာလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးဆိုသူတွေက ရွာထဲမှာ အထိုင်ချတပ်စွဲထားပြီးနောက် ဒေသခံတွေကို အတင်းအဓမ္မခိုင်းစေတာ စစ်ဆေးတင်းကျပ်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတာလို့ ဆိုပါတယ်။

မြောက်ခင်ရန်းဒေသခံတွေဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင်ကာ နေရပ်ကိုစွန့်ခွာ ထွက်ပြေးလာတာ ဖြစ်ပြီး ထွက်ပြေးလာသူတွေအတွက် လိုအပ်တဲ့ အကူအညီများ ထောက်ပံ့ပေးပြီး နီးစပ်ရာ ဆွေမျိုးများရှိရာကို ပို့ဆောင်ပေးထားတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောပါတယ်။

ရုပ်သံတည်းဖြတ်၊တင်ဆက်- MTO