မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အရေအတွက် စံချိန်တင်မြင့်တက်လာ(ရုပ်သံ)

မောင်ခက်နွေ(မဇ္ဈိမ)

မြန်မာနိုင်ငံတဝန်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၂ ဒသမ ၆ သန်းကျော်အထိ စံချိန်တင်မြင့်တက်နေပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ ဒီဇင်ဘာလ(၁၅)ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ‌ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ဘေးသင့်ပြည်သူတွေအတွက် နိုင်ငံတကာရဲ့အကူအညီတွေကို အပြည့်အဝခွင့်မပြုဘဲ ကန့်သတ်ထိန်းချုပ်တာတွေလုပ်နေတယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေရဲ့ ထောက်ပြသတိပေးချက်တွေရှိနေပါတယ်။

သတင်းအပြည့်အစုံကိုတော့ မဇ္ဈိမဝိုင်းတော်သား မောင်ခက်နွေက တင်ဆက်ထားပါတယ်။

တင်ဆက်/တည်းဖြတ် – မောင်ခက်နွေ