တရုတ် ဉာဏ်ရည်တု နည်းပညာ (AI) သုံး ဝါဒဖြန့် ဗီဒီယို ကြည့်ရှုသူ သန်း ၁၂၀ ရှိ

Photo;AFP

BITTER WINTER

ယနေ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုသည် ဉာဏ်ရည်တု နည်းပညာ (AI) ကို အသုံးပြု ၍ ဇာတ်ကောင်အတုများ၊ အသံတုများဖြင့် သတင်းတု ဖန်တီး ဖြန့်ဝေမှု များ ပြုလုပ်နေပြီး မကြာခင်တွင် ကြီးမားသော အတိုင်းအတာ ဖြင့် တွင်ကျယ်စွာ အသုံးပြုလာမည် ဖြစ်သည်။

တရုတ်ဝါဒဖြန့် သတင်းရင်းမြစ်များမှ AI အသုံးပြု၍ ဖန်တီးထားသော သတင်းမှားများ ဖြန့်ဝေနေသည့် ဗီဒီယိုများ သည် You Tube ချန်နယ်တွင် ကြည့်ရှုသူ သန်း ၁၂၀ အထိ ရှိကြောင်း Australian Strategic Policy Institute (ASPI) မှ အသေးစိတ် ခြေရာခံမိထားသည်။ ASPI သည် ကွန်မြူနစ်ဆန့်ကျင်ရေး မလိုမုန်းထားမှုများဖြင့် လက်ယာယိမ်း အတွေးအမြင်များရှိနေကြောင်း တရုတ် က တုန့်ပြန်သည်။ ၎င်း တွင် ကွန်မြူနစ် ဆန့်ကျင်မှု ဝါဒ မရှိကြောင်း နှင့် တရုတ် ကွန်မြူနစ် ပါတီ ၏ ASPI ဆန့်ကျင်ရေး ဝါဒ ဖြန့်မှု နှင့် ပတ်သက်၍ အန်ဒရင်းဇန် အပါအဝင် သုတေသန ပညာရှင်များက တုန့်ပြန်ပြောဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ သည် တွေ့ရှိချက်ကို တုန့်ပြန်နေခြင်းထက် “လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးရေး ဘာသာရေး ခွဲခြားမှုများနှင့် ပတ်သက်၍ ဝါဒဖြန့် ငြင်းချက်ထုတ်သော နည်းဗျူဟာ ကို အသုံးပြုနေသည် ဟု ဆိုသည်။

ASPI တွေ့ရှိချက်သည် အထောက်အထားများဖြင့် ပြီးပြည့်စုံစွာ မှတ်တမ်းတင်ထားသည်။ ထုတ်ပြန်ချက် တစ်ခုစီ တွင် သက်သေများ ကို သတိရှိရှိပြုစုထားသည်။ အဆိုပါ AI အသုံးပြု၍ မဟုတ်မမှန် ဝါဒဖြန့် လှုံ့ဆော်မှု နောက်ကွယ်တွင် တရုတ်အစိုးရ ရှိနေကြောင်း သက်သေအထောက်အထား မရှိဟု ဝန်ခံထားသည်။ သို့သော် တရုတ်တွင် အများပိုင်နှင့် ပုဂ္ဂလိကပိုင် နယ်နိမိတ် သည် ကျဉ်းမြောင်းနေသော်လည်း “အမျိုးသားရေးဝါဒီ” ကြီးစိုးသော တရုတ်ကုမ္ပဏီကြီးများက စုစည်း လုပ်ဆောင်နေသည် မှာ ပိုမို ဖြစ်နိုင်ချေ ရှိ ကြောင်း ဖော်ပြထားသည်။

AI မှ ထုတ်လွှင့်သော သတင်းအမှားများသည် အဆင့်အသစ် တစ်ခုတွင် လက်ခံစေနိုင်လောက်သည် သာမက သတင်းတုများကို ပိုမို ယုံကြည်လာစေခြင်းမှာ အရေးကြီးသော ပြဿနာ ဖြစ်သည်။ အဆိုပါ ကိစ္စအတွက် ASPI က You Tube ကို အသိ ပေးထားသော်လည်း ၎င်းသည် နိုင်ငံရေး မဟုတ်မမှန် သတင်းဖြန့်သည့် ချန်နယ်များကို ဖယ်ရှားရန် ကြန့်ကြာလေ့ရှိသည်။

သတင်းမှား ဖြန့်ဝေမှုများတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်အား ချီးကျူးဂုဏ်ပြုခြင်းများ၊ တရုတ်အစိုးရ ၏ လူမျိုးရေး နှင့် ဘာသာရေး လူနည်းစုများ ၏ လူ့အခွင့်အရေး ချိုးဖောက်မှု စွတ်စွဲချက်များကို ငြင်းဆိုခြင်းသည် ဝါဒဖြန့်မှု အဆင့်ထက် ပိုမိုသည် ဟု ASPI က ထုတ်ပြန်သည်။ ၎င်း မှာ အကြောင်းအရာ နှင့် နည်းဗျူဟာ ကျကျ ဝါဒဖြန့်မှု နည်းလမ်းသစ်ဖြစ်သည်။

အဓိက အကြောင်းအရာ ၆ ခု ဖြစ်သော “(၁)တရုတ်နှင့် ရုရှားတို့သည် ပထဝီနိုင်ငံရေးနှင့် လက်ရှိကမ္ဘာ့ဖြစ်ရပ်များတွင် တာဝန်ယူမှုရှိပြီး စွမ်းဆောင်နိုင်သူများဖြစ်ကြောင်း၊ (၂) တရုတ်သည် အမေရိကန်-တရုတ် နည်းပညာစစ်ပွဲတွင် အနိုင်ရပြီး အမေရိကန်၏ ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ကြောင်း၊ (၃) တရုတ်သည် ကြီးမားသော အခြေခံအဆောက်အဦ စီမံကိန်း များကို တည်ဆောက်ရန် စွမ်းရည်မြင့်မားပြီး ယုံကြည်စိတ်ချရကြောင်း၊ (၄) တရုတ်သည် မြေရှားသံယံဇာတ အပါအဝင် အရေးပါသော ဓာတ်သတ္တုများနှင့် လျှပ်စစ်ကားများ ထုတ်လုပ်မှု ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိကြောင်း၊ (၅) အမေရိကန်စီးပွားရေးသည် အားနည်းနေပြီး အမေရိကန် ဒေါ်လာသည် ကမ္ဘာ့အခိုင်မာဆုံး ငွေကြေးမဟုတ်တော့ကြောင်း၊ (၆) အမေရိကန်သည် ပြိုလဲရန် ဦးတည်နေပြီး ၎င်း၏ မိတ်ဖက်မဟာမိတ် များလည်း ပြိုကွဲလျက်ရှိကြောင်း” စသည့် သတင်းမှား ထုတ်လွှင့်ဖြန့်ဝေမှု များ ကို ASPI က ဖော်ထုတ်ခဲ့သည်။

ထို့ပြင် Huawei နှင့် Xiaomi တရုတ် ထုတ်ကုန်များနှင့် ပြိုင်ဘက် အမေရိကန် အခြေစိုက် Apple ကဲ့သို့သော ကုမ္ပဏီကြီးများ ၏ ကြော်ငြာ များကို ဆန့်ကျင်သည့် ဝါဒဖြန့် အစီအစဉ်များလည်း ပါဝင်သည်။ Apple ထုတ်ကုန်များ ၏ အစိတ်အပိုင်းအချို့ သည် တရုတ်တွင် ထုတ်လုပ်သော်လည်း ပြိုင်ဘက် တရုတ် ကုမ္ပဏီများအတွက် Apple နှင့် ပတ်သက်သော သတင်းအမှားများ ဖြန့်ဝေသည့် ဝါဒဖြန့်မှုများကို လည်း AI အသုံးပြု၍ လုပ်ဆောင်သည်။

အာဏာရှင် အစိုးရလိုလားသော သတင်းအမှားများ ပျံ့နှံ့မှု အတွက် ရေဒီယို၊ ရုပ်မြင်သံကြား နှင့် လူမှုကွန်ယက် မီဒီ ယာ တို့ ကို အပြစ်တင်သကဲ့သို့ AI ကို လည်း နည်းပညာဆုံးဖြတ်ချက် အရ အပြစ်တင်ခံရဖွယ်ရှိသည်။ AI သည် ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်သော နည်းပညာ တစ်ခု ဖြစ်သည့် အပြင် မှားယွင်းသော နည်းလမ်း၊ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည့် ကိရိယာလည်းဖြစ်သည်။ တရုတ်ရှိ နည်းပညာရှင်များသည် AI ဖြင့် ဖန်တီးထားသော ရုပ်ပုံများ နှင့် အသံများကို အသုံးပြု၍ ကြီးမားသော မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှု များ အတွက် You Tube ကို အလွဲသုံးစား လုပ်နေသည်ကို ASPI က မှတ်တမ်းတင်ထားကြောင်း ဖော်ပြထားသည်။