ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

လွှမ်းမိုး

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ ဇန်နဝါရီလ ၃ ရက်နေ့က စပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံကပြောပါတယ်။

အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

ခင်ဦးမြို့နယ် မြင်းဒေါင်း ကျေးရွာမှာ တပ်စွဲနေတဲ့အတွက်ကြောင့် ရွာသစ်၊ အင်တိုင်းလေး ၊သရက်ပင်စု ၊ယာတော် ၊မြင်းဒေါင်း ၊မြကန် နဲ့ မကျီးအုပ် စတဲ့ကျေးရွာတွေက ဒေသခံ ဦးရေ ၈,၀၀၀ ခန့် စစ်ရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

သတင်း-လွှမ်းမိုး
ရုပ်သံတည်းဖြတ်-Su Lay